Chapter10(Unicode+Zawgyi)

17 1 0
                                    

'မြူရေ..မြူလေး...မြူ........'

အိမ်ရှေ့ကနေမြူ့နာမည်ခေါ်နေတာကြောင့်မြူအခန်းထဲကနေဘဲကိုကို့အားမြူရှိကြောင်းအသံပြုမိသည်........

ဒါဟာအမြဲလိုလိုမြူလုပ်နေရတဲ့ကျင့်ဝတ်တွေထဲကတစ်ခုပေါ့...

ကိုကိုကမြူသူ့အနားကထွက်သွားမှာသိပ်ကြောက်တာလေ...

ဒါကြောင့်ကိုကိုအလုပ်ကိစ္စနဲ့အပြင်ကိုသွားတိုင်းမြူ့ကို ကိုကို့အခန်းထဲမယ်တံခါးပိတ်ပြီးသွားနေကြပေါ့....

ခြေထောက်မကောင်းတဲ့မြူဟာကိုကိုမသွားခင်ကတင်ပေးသွားတဲ့ကုတင်ပေါ်မှာလှဲနေရုံမှအပတခြားဘာဆိုဘာမှလုပ်စရာမရှိ......ကိုကို့အလာကိုသာမျှော်လင့်တကြီးစောင့်နေရတတ်သည်.....

ကိုကိုပြန်လာတဲ့အခါကြလဲကိုကိုအားမြူရှိကြောင်းခုလိုကိုကိုခေါ်တိုင်းထူးပေးရသည်မှာတာဝန်တစ်ခုလိုပင်ဖြစ်နေရသည်.....

'ကိုကို..မြူဒီမှာရှိပါတယ်....'

​'အင်း....ကိုကိုဝင်လာခဲ့မယ်နော်...'

'ဂျလောက်...'ကနဲတံခါးဖွင့်သံနဲ့အတူ အခန်းထဲကိုအထုပ်တွေတပွေ့တပိုက်နဲ့အခန်းထဲဝင်လာတဲ့သူ...

'မြူလေး....ကိုယ်မင်းအတွက်လက်ဆောင်တွေဝယ်လာခဲ့တယ်...'

'ဟမ်...ဘာဖြစ်လို့လဲကိုကို...?'

သူယူလာတဲ့အထုပ်တွေအားမြူ့အိပ်ယာဘေးချရင်းမြူလှဲနေတဲ့အနားကိုဘေးတစောင်းလေးလာထိုင်တဲ့ကိုကို....

နောက်....ကိုကိုရုတ်တရက်ပြုမူလိုက်တဲ့အဖြစ်အပျက်တစ်ခုကမြူ့အားကြောင်အသွားစေသည်.....

'Happy Birthday ပါမြူ...'

တဆက်တည်းမှာ ဘဲနဖူးပေါ်ကနွေးကနဲအငွေ့အသက်နဲ့အထိအတွေ့တစ်ခု....

'ကို..ကိုကို....'

'မြူလေးက ကိုယ့်မွေးနေ့ကိုယ်ကိုတော့မေ့နေတာမဟုတ်ပါဘူးနော်...'

'ဗျာ....'

'မျက်လုံးကလေးပြူးပြူးနဲ့ဘာလေးလဲကွာ...မင်းလေးက....'

'.....ဟို....'

ကိုကို့အားမျက်နှာချင်းမဆိုင်ဘဲမျက်နှာလွှဲမိတော့ချက်ချင်းဆိုသလိုမြူ့မျက်နှာကိုသူ့ဘက်ဆွဲလှည့်လိုက်တဲ့ကိုကို...

Back To The CenturyWhere stories live. Discover now