Chapter-9(Unicode+Zawgyi)

23 2 0
                                    

'လွှတ်...ကျွန်တော့်ကိုလွှတ်လို့ပြောနေတယ်လေ....ခင်ဗျားဘာဖြစ်နေတာလဲ...?'

'ငြိမ်ငြိမ်နေစမ်းမြူ......ကိုယ်မင်းကိုချီပိုးထားရတာလွယ်နေတာမဟုတ်ဘူး....'

လင်းမောင်ကမြူ့ကိုပွေ့ချီကာလှေကားပေါ်တက်ရင်းငြီးတွားလိုက်ခြင်းပင်....

'ခင်ဗျားကိုကျွန်တော်ကချီပါဦးလို့ပြောနေလို့လား....ချပေး...ခုချပေးလို့!!!'

'တောက်...!!!ဟာကွာ......မင်းကိုငြိမ်ငြိမ်နေလို့ပြောနေတယ်လေ!!!အဲ့လောက်တောင်ဆင်းချင်ရင်လဲဆင်း...ကဲဟာ....'

ကို ကိုက ညင်သာခြင်းအလျင်းမရှိဘဲမြူ့အားကြမ်းပေါ်ကိုပစ်ချလိုက်သည်....

ဘေးတစောင်းပြုတ်ကျတော့လက်နဲ့ကြမ်းကိုထောက်မိတော့သည်......

'ထလေ...ထစမ်း...မင်းဘာသာမင်းထပြီးအခန်းထဲဝင်လေမြူ....!!!ထလို့.....'

'....'.

'သိပ်ကိုအားရှိနေရင်လဲထလေ....ဘာလဲ....?ခုကြမထနိုင်တော့ဘူးလား!!!!'.

သူကအသံမာလေမြူ့မှာပိုဝမ်းနည်းလာလေဖြစ်တာမို့နေရာမှာတင်မြူငိုချမိသည်....

'အင့်...ဟင့်....အဟင့်.....'

ကျွန်တော်ငိုတော့သူကပြာပြာသလဲအနားရောက်လာကာကျွန်တော့်ကိုယ်ကိုသူ့ရင်ခွင်ထဲထွေးပွေ့ထားပြန်သည်..

'ခင်ဗျား...အင့်....ရူးနေလား...?..!!ခုကျွန်တော့်ကိုဒေါသထွက်လိုက်....ဟင့်...ခုကြလာနူးညံ့ပြလိုက်နဲ့.......ဘာလို့အရူးလိုလာလုပ်နေတာလဲ....!!!ဟင့်....ဖယ်...ကျွန်တော့်ကိုမထိနဲ့....'

'မြူ....!!ငါသီးခံပေးတိုင်းမင်းရောင့်ငမ်းတက်မလာနဲ့နော်.....!!'

တဆက်တည်းမှာဘဲအကိုကမြူ့ပါးပေါ်လက်ရွယ်လာသည်....

'ရိုက်မလို့လား...ရိုက်လေ...ရိုက်စမ်းပါ....မကျေနပ်ရင်... ဟင့်...ဒီကောင့်ကိုအသေသတ်သွားလိုက်စမ်းပါဗျာ....အင့်.....'

'တောက်...!!!!'

ကိုကိုကသူ့လက်တို့အားပြန်ယုတ်ကာစိတ်ဆိုးမာန်ဆိုးနဲ့တဖက်ကိုလှည့်သွားတော့သည်....

မြူကတော့ကြောက်တာရော....ခြေထောက်ကနာနေတာရောကြောင့်နေရာကနေတစက်ကလေးမှမရွေ့မိ....

Back To The CenturyWhere stories live. Discover now