Chapter6(Unicode +Zawgyi)

30 2 0
                                    

'မြူ့ကိုကျွန်တော်လိုချင်တယ်ဒယ်ဒီ...'

'ဘာရယ်!!!!မင်းရူးများသွားပြီလား...ဟမ်....!!မင်းကမဖြစ်နိုင်တာတွေကိုတောင်းဆိုနေတာဘဲဟက်.....'

'ဒယ်ဒီသာမြူ့ကိုပေးလိုက်ရင်အဲ့ဒယ်ဒီပြောတဲ့ကိစ္စကမဖြစ်နိုင်စရာအကြောင်းမှမရှိတာ.....'

'မင်းကိုငါမွေးထားတာနော်...မင်းငါ့ကိုပြန်အာခံနေတာလား...?!!!'

'မဟုတ်ပါဘူးဒယ်ဒီ...ကျွန်တော်ကဖြစ်သင့်တာကိုလုပ်ရုံပါ.....'..

'မြူ.....!!!'

'ဗျ...ဗျာ....သခင်ကြီး....'

သခင်ကြီးရဲ့အသံမာမာနဲ့ခေါ်သံကြောင့်မြူလန့်မိတာတော့အမှန်ပင်....

မြူ့လက်ကိုဆွဲပြီးသခင်ကြီးစီကနေမြူ့ကိုတောင်းနေတဲ့အကို့အားလဲ ​မြူ နားမလည်ခဲ့ပါ....

သခင်ကြီးအခေါ်တော်ပါးတာကြောင့်မြူ သခင်ကြီးစီသွားဖို့အလုပ်မြူ့လက်ကိုလွှတ်မပေးဘဲတင်းသထက်တင်းအောင်ဆွဲထားတဲ့အကို့ကြောင့်ခက်လှပါသည်...

'မြူ့!!!ငါခေါ်နေတာကိုမလာသေးဘူးလားမင်း...!!!!!!'..

'သ.....သခင်ကြီး...မြူ...မြူ...'.

'ကျွန်တော်သူ့ကိုဆွဲထားတာဒယ်ဒီ.....သူ့ဘဝလေးကိုလွတ်လပ်ခွင့်ပေးလိုက်ပါတော့......'

'မင်းကဘာမို့လို့ငါ့ကိုအာခံပြောနေတာလဲလင်းမောင်....ငါမင်းအဖေဆိုတာတော့သိပါသေးတယ်နော်!!!'

'ကျွန်တော်ကဖြစ်သင့်တာကိုပြောပြယုံပါ....မြူ့ဘဝကိုဒယ်ဒီလဲမပိုင်သလိုကျွန်တော်လဲမပိုင်ဘူး...မြူ့ဘဝကိုသူကိုယ်တိုင်ဘဲပိုင်တာကြောင့်သူ့ကို သူ့စိတ်ဆန္ဒအတိုင်းလွတ်လပ်ခွင့်လေးပေးလိုက်ပါ....ကျွန်တော်တောင်းဆိုတာပါ.....'

'အ..အကို....'

ပြောပြောဆိုဆိုနဲ့အကိုကသခင်ကြီးရှေ့ဒူးထောက်ချလိုက်တာကြောင့်မြူ့မှာသခင်​ကြိးနည်းတူ လန့်ရပြန်သည်...

'ဟိတ်ရောင်...မင်းဒါဘာလုပ်တာလဲ...?'

'ဒူးထောက်တာလေဒယ်ဒီ....ဒယ်ဒီ့ကိုဒူးထောက်တောင်းပန်နေတာလေ...မြူ့ဘဝလေးကိုမြူ့ဘာသာစီမံခွင့်ပေးလိုက်ပါ...'

Back To The CenturyOpowieści tętniące życiem. Odkryj je teraz