Mhue POV

6 1 0
                                    

မြူ့ဘဝမှာနောင်တအရဆုံးကဘာလဲ....ဟုတ်လားအကို...?

ဒါဆိုအားလုံးရှေ့မှာဘဲမြူ တခါတည်းပြောလိုက်မယ်.....

မြူနောင်တအရဆုံးကမြူ့ကိုမချစ်တဲ့အကို့ကိုအရူးလိုချစ်မိတာကိုဘဲအကို....

နှမြောမိတယ်....အကို့ကြောင့်နဲ့မြူ့ရဲ့တန်ဖိုးရှိလှတဲ့အချိန်တွေအလဟသပ်ဖြစ်ကုန်လို့....

အချိန်တွေသာနောက်ပြန်ဆုတ်လို့ရရင်....ဟင့်အင်း...မဟုတ်ဘူး....မြူသာကိုယ့်ကံကြမ္မာကိုကိယ်တိုင်ရွေ့ချယ်ခွင့်ရခဲ့ရင်....မြူအကိုနဲ့မတွေ့မိအောင်ရွေးမိမယ်ထင်ပါရဲ့.....

မြူသိပ်မှားခဲ့တာအကို...သိရဲ့လား...?

အကို့အနားမှာရှိနေရယုံလေး...အကို့အနားမှာနေရင်းအကို့ကိုငေးကြည့်ခွင့်ရရင်ကိုဘဲမြူကျေနပ်နေမိမယ်ထင်တာ...ဒါပေမဲ့အကိုရယ်...လူဆိုတဲ့လောဘကအတောမှမသတ်နိုင်ဘဲ.....ဆိုတော့...အကို့ကိုရယူပိုင်ဆိုင်ချင်လာတယ်.....

အကိုသာမြူတစ်ယောက်တည်းရဲ့မူပိုင်ဖြစ်ရင်ဘယ်လောက်ကောင်းလိုက်မလဲလို့အတွေးဝင်မိတယ်.....

ဒါကြောင့်.....မြူ....မြူသူ့ကိုသတ်မိလိုက်တယ်.....

အချစ်နဲ့စစ်မှာမတရားတာမရှိဘူးတဲ့အကို....

ဒါဆိုအကို့ကိုမြူတစ်ခုလောက်မေးခွန်းထုတ်ပါရစေ...

အကို့ကိုချစ်တဲ့စိတ်တစ်ခုတည်း ကြောင့်မြူသူ့ကိုသတ်မိတယ်....အကိုသိပ်ချစ်ရတဲ့သူမကိုကျွန်တော်သတ်ပစ်ခဲ့မိတယ်ဆိုတော့....ဒီဖြစ်ရပ်မှာကျွန်တော်မှားသလား.....

ဒါမှမဟုတ်...မချစ်နိုင်မှန်းအစကတည်းကသိရက်နဲ့မြူ့ကိုအိမ်မက်တွေပေးပြီး ခုလိုလမ်းမှားရောက်အောင်တွန်းပို့ခဲ့တဲ့အကိုကဘဲတရားခံများလား...?

မြူမတွေးတတ်တော့လို့မြူ့ကိုအဖြေရှာပေးပါဦးအကို.....ဟက်.....

သိပ်ရက်စက်လွန်းတဲ့ခင်ဗျားကိုသိပ်မုန်းတာဘဲလို့မြူပြောချင်မိတယ်....

ဒါပေမဲ့မြူ့ကိုယ်ရဲ့ဆန္ဒတွေကိုမြူ့စိတ်ကမလိုက်နာနိုင်ခဲ့ဘူး.....

ခင်ဗျားရယ်......ကျွန်တော့်ကိုဒီလောက်ထိနှိပ်စက်ရရင်ကျေနပ်ပါတော့.....

Back To The CenturyWhere stories live. Discover now