Chapter13(Unicode+Zawgyi)

22 1 0
                                    

'ကလေး.....!!!ကိုယ့်အနားကနေမထွက်သွားပါနဲ့....ကလေး...ဟင်း....'

'တူလေး...လင်းမောင်.....တူလေး.....သတိထားဦးလေ....'

အိပ်ယာထဲလဲနေတဲ့တူဖြစ်သူကကမူးရှူးထိုးနှင့်ထအော်တာကြောင့်အဒေါ်ဖြစ်သူမှာပြာယာခတ်နေတော့သည်....

accident ဖြစ်ပြီးတိုက်ပေါ်ကပြုတ်ကျပြီးထဲက သတိလည်တချက်မလည်တချက်ဖြစ်နေတဲ့တစ်ဦးတည်းသောသူလေးအားသူမဂရုနာသက်စွာပြုစုပေးခဲ့သည်...

နိုးနေတဲ့အချိန်ထက်သတိလစ်မေ့မြောနေတဲ့အချိန်များတဲ့တူဖြစ်သူရဲ့အခြေအနေကို စိုးရိမ်စွာနဲ့ဆရာဝန်အားမေးမိတော့ အခြေအနေစောင့်ကြည့်ရဦးမယ်ပြောတာကြောင့် သူမစိတ်မောမိတာတော့အမှန်ပင်...

သတိရပြန်တော့ပျော်မိပေမဲ့ သတိရတိုင်းသူ့နှုတ်ကနေ ကောင်လေးတစ်ယောက်နာမည်ကိုခေါ်ပြီးတခါတလေမျက်ရည်တွေနဲ့အဝေးတနေရာကိုတွေတွေလေးငေးနေတတ်သေးသည်...

ခုလဲ.....တူလေးကကောင်လေးကိုလိုက်ရှာနေပြန်ပြီ

'တီလေး....ဟင့်....ကလေး...ကလေးရော...'

'မြူလင်းမောင်ဘဲလားသား...?'

'ဟုတ်တယ်....တီလေး...သူရောဟင်.....တီလေးကတိပေးထားတဲ့အတိုင်း...သူ့ကိုရှာတွေ့ပြီလားဟင်.....?'

'မတွေ့သေးဘူးသား...'

'ဗျာ.....'

'အပုန်းကောင်းတဲ့သူကရှာရခက်တယ်သားရဲ့...တီလေးလဲကြိုးစားရှာကြည့်ပြီးပေမဲ့...ကောင်လေးရဲ့တည်နေရာကိုခုထိရှာမရသေးဘူးကွယ်....'

အားငယ်ဝမ်းနည်းတဲ့မျက်ဝန်းတွေနဲ့ကျွန်မကိုကြည့်နေတဲ့တူလေး....

သနားမိပေမဲ့ ကျွန်မသူ့ကိုဘာမှမကူညီနိုင်ဘဲလေ....

'သား.....'

'...တီလေး....သူကသားကိုစောင့်နေတာနေမယ်...သားသူ့ကိုကိုယ်တိုင်လာမရှာသေးလို့မြူလေးကပုန်းနေတာထင်တယ်....တီလေး....သားသူ့ကိုသွားရှာလိုက်မယ်လေ....နော်....'

'ဟဲ့...သား...မရဘူးလေ...သားခြေထောက်တွေကပြုတ်ကျတဲ့အချိန်တုန်းကထိခိုက်ထားတာလေ
.....နောက်....သားသတိလစ်နေတာတစ်နှစ်ခွဲရှိပြီလေ..ကြားထဲမှာဘာလှုပ်ရှားမှုမှလုပ်မထားတဲ့သားခြေထောက်က သားစိတ်အလိုကိုလိုက်နိုင်ပါ့မလား....?'

Back To The CenturyWhere stories live. Discover now