Chapter7(Unicode+Zawgyi)

28 1 0
                                    

.....
ကိုကိုကမကြောင့်နဲ့သခင်ကြီးနဲ့သခင်မကြီးတို့အားဆန့်ကျင်ကာရန်ကုန်မြို့စွန်ကဘိုးဘွားပိုင်ကိုကိုအမွေရထားတဲ့ခြံမှာမြူနဲ့ဘာအစေခံမှမပါဘဲခက်ခက်ခဲခဲပင်ပန်းဆင်းရဲစွာနေရှာသည်

ရောက်ခါစကမြူနဲ့ကိုကိုဒီအိမ်ကြီးကိုတော်တော်သန့်ရှင်းရေးလုပ်ယူလိုက်ရသည်...

ပင်လဲပင်ပန်းသလိုကိုကိုကစလိုက်ရယ်မောလိုက်နဲ့ပင်ပန်းတာတွေကိုပင်မြူ့မှာမေ့မေပျောက်ပျောက်...

တခါမှအပြင်ထွက်အလုပ်မလုပ်ဖူးတဲ့အကိုကမြူ့ကြောင့်နဲ့ခုဆိုအပြင်မှာအလုပ်ထွက်လုပ်ရတော့မြူ့မှာစိတ်မကောင်းနိုင်.........

'မြူလေး......'

....

'မြူ....ဟေ့ကလေးလေး...'

'အမလေး...ယောကျ်ားရဲ့......အဲ...ဟာ...ကိုကို....'

'ဟီး..ဟီး....ဘယ်လိုတောင်စောနကကိုယ့်ကိုခေါ်လိုက်တာလဲမြူ......?'

'ဟို.....မြူ..မြူယောင်သွားတာ....'

'အိန်း..ကိုယ်ကတော့စဉ်းစားနေတာ...ကိုကိုကနေယောကျ်ားလို့ပြောင်းခေါ်ခိုင်းမလားလို့...?'

'ဟာဗျာ..ကိုကို....မ...မနောက်နဲ့တော့....လူကို.....'

'အင်းပါ....ဟုတ်ပါပြီဗျာ....ကိုယ့်မိန်းမလေးကရှက်တော့လဲကိုကိုမစတော့ပါဘူး...ဟုတ်ပြီလား...?'

မြူ့မေးဖျားအားဆွဲမော့ကာမြူ့မျက်ဝန်းတို့အားကြည့်ရင်းရိသဲ့သဲ့ပြောလာတဲ့ကိုကို့ရဲ့စကားကြောင့်မြူ့မှာတော့ရင်တွေခုန်လွန်းလို့ဘာလုပ်လို့ဘာကိုင်ရမှန်းတောင်မသိ........

'မြူလေး.....'

'ဗျာ...'

'စောနကကိုကိုခေါ်တာကိုမကြားရလောက်အောင်ကိုကို့ကလေးလေးကဘာတွေအတွေးများနေရတာလဲ...?'

'အော်....ဘာရယ်မဟုတ်ပါဘူးကိုကိုရယ်...ဒီလိုပါဘဲ.......'

'.........'

'ကိုကို....ပင်ပန်းနေပြီလားဟင်..?'

ကျွန်တော့်နဖူးပေါ်မှာဝေ့သီနေတဲ့ချွေးစအနည်းငယ်အားသူ့လက်ကလေးနဲ့သပ်ပြီးကျွန်တော့်ကိုမေးလာတဲ့ကလေးငယ်....

Back To The CenturyWhere stories live. Discover now