အပိုင်း (၁)

1.7K 120 16
                                    

Unicode

မနက်စောစောထပြီး မျက်နှာသစ်သွားတိုက်ခြင်းမပြုခင်
ဟာအိုတစ်ယောက် ကွန်ဒိုရှေ့က ဝရန်းတာကိုထွက်ပြီး
အသက်ရှူ လေ့ကျင့်ခန်းကို စတင်ပြုလုပ်လိုက်သည်။

"၁,၂,၃,၄......၅,၆,၇,၈......၈,၇,၆,၅.....၄,၃,တန်းရပ် "

"OK ပြီးပြီ"

အသက်ရှူလေ့ကျင့်ခန်းကို ၁,၂,၃,၄အစချီပြီး တစ်ကြိမ်သာ
ပြုလုပ်ပြီးနောက် တစ်နေ့တာလုပ်ရမည့် ကိုယ်ကာယ
လေ့ကျင့်ခန်းများအားလုံးလုပ်ပြီးသလို ခံစားရတာကြောင့်
ဟာအို အခန်းထဲကိုပြန်ဝင်တော့မယ့်အချိန် လူတစ်ယောက်
က စိုက်ကြည့်နေသလိုခံစားရတာကြောင့် ဘေးဘီဝဲယာကိုကြည့်
လိုက်တော့ အခန်းရဲ့ ဘယ်ဘက်ဝရန်တာတွင် သူ့ကို
ရပ်ကြည့်နေတဲ့လူကိုမြင်ပြီး အခန်းထဲကမန်းကတမ်းပြေးဝင်ကာ
ဝရန်တာတံခါးကိုပါပိတ်ချလိုက်တော့သည်။

"ဘာ....ဘာလို့ ကျောင်းလူဆိုးက ငါ့ရဲ့ဘေးအခန်းမှာရှိနေရတာလဲ
ဒီမှာနေတာ တစ်ပတ်လောက်ရှိနေပြီကို ဘာလို့ဒီမနက်မှတွေ့ရတာလဲမဟုတ်မှ မနေ့ကသူလူရိုက်နေတာ တွေ့လိုက်လို့များ
ကလဲ့စားချေဖို့ငါ့အခန်းဘေးကိုပြောင်းလာတာလား "

မနေ့မနက်က ဟာအို ကျောင်းရောက်ရောက်ချင်းပင်
သန့်ရှင်းရေးတာဝန်ကျတာနဲ့ အခန်းက အမှိုက်ပုံးကိုယူပြီး
အမှိုက်ပစ်ဖို့ထွက်အလာ ကျောင်းအနောက်ဘက်မှာ
အသံတွေကြားရတာနဲ့ သွားချောင်းကြည့်လိုက်တော့
ငါးယောက်တစ်ယောက်ရန်ဖြစ်နေတာကိုတွေ့လိုက်ရပြီး
ငါးယောက်က ထိုတစ်ယောက်လက်ထဲတွင် အလူးအလိမ့်
ခံနေရပုံပင် ထို့နောက် ရန်ပွဲကြီးပြီးဆုံးသွားသည့်နောက်
ထိုတစ်ယောက်က ဤသို့ပြောလာခဲ့သည်...

"ဟေ့ ပိုက်ဆံအိတ်ရော ဖုန်းရော နာရီရော အကုန်ပေး
ပိုက်ဆံက မင်းတို့လက်ထဲမှာ တစ်ကျပ်တလေတောင်
ချန်ထားဖို့စဥ်းစားရဲစဥ်းစားကြည့် "

ကျောင်းအနောက်ဘက်ဖြစ်တဲ့အပြင်လူလည်းရှင်းတာကြောင့်
သူပြောတဲ့စကားတွေကို ဟာအိုတစ်လုံးမကျန်သေချာကြား
ရပေသည်။

"လုယက်မှုလား!!! ငါးယောက်ဆီကနေတစ်ယောက်က
လုယက်တာ!!!! "

ဟာအိုအံ့သြလွန်း၍ ပါးစပ်ကပါ အသံဖွင့်ပြီးပြောမိသွားတော့
တစ်ဖက်လူက ကြားသွားတယ်ထင်ပါသည် ။ ဟာအိုရှိရာ
ဘက်ကို တန်းတန်းမတ်မတ်ကြည့်လာတာကြောင့် ဟာအို
ကြောင်အပြီး သူ့မျက်နှာကိုကြည့်လိုက်ရာကနေ ထိုလူက
"အဲ့မှာဘာလုပ်နေတာလဲ "လို့မေးလာခဲ့သည်။
ထိုလူ့အသံကြားမှပဲ ဟာအိုလည်းအသိပြန်ဝင်ပြီး
အတန်းဘက်ကိုကမန်းကတမ်း ပြေးထွက်
လာခဲ့တော့သည်။

My beloved school president (binhao)UxZ(complete)Where stories live. Discover now