အပိုင်း(၉)

627 73 5
                                    

Unicode

ဒီဇင်ဘာအားကစားရာသီရောက်ပြီဖြစ်လို့ ဟာအိုတို့ကျောင်းမှာ
ကျောင်းတွင်းအားကစားပြိုင်ပွဲအတွက် စာရင်းလိုက်ကောက်ပြီး
အုပ်စုလိုက်ပြိုင်ပွဲတွေမှာပြိုင်မည့်သူများက
စတင်လေ့ကျင့်နေပြီကြဖြစ်၍ ကျောင်းဝင်းတစ်ခုလုံးဆူညံလျှက်
ရှိသည်။

ပြိုင်ပွဲတစ်ခုစီကို အတန်းလိုက်ပြိုင်ကြမှာဖြစ်လို့
အတန်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတွေ
ပိုတိုးလာမယ့် ရည်ရွယ်ချက်နဲ့ပင် ။ ထို့ကြောင့်အားလုံးက
လေ့ကျင့်ရင်း ပျော်ရွှင်နေကြသလောက် မပျော်နိုင်တဲ့လူ
တစ်ဦးက ဟာအိုကို မျက်စိတောက်ထောက်ကြည့်နေပေသည်။

"အဲ့ဒီတော့ ဟျောင်းက ကျွန်တော့်ကိုအားမပေးတော့ဘူးလား "

ပြိုင်မည့်လူစာရင်းတွေကိုသေချာလုပ်နေတဲ့ အတန်းတူ
ဟာအိုနဲ့ဂျီအွန်းက ဟန်ဘင်းကိုပြိုင်တူကြည့်လိုက်ပြီး

"မင်းတခြားအတန်းနဲ့ပြိုင်ရင်တော့ သေချာပေါက်မင်းကိုပဲ
အားပေးမှာပေါ့ ဒါပေမယ့် ငါတို့အတန်းနဲ့ပြိုင်ရင်တော့
ကိုယ့်အတန်းကိုပဲအားပေးရမယ်လေ မဟုတ်ရင်
အတန်းသားတွေငါ့ကိုဝိုင်းရိုက်လိမ့်မယ် "

ဟာအိုပြန်ပြောလိုက်တဲ့စကားကို ဂျီအွန်းကထောက်ခံသလိုခေါင်း
ညိတ်ပေမယ့် ဟန်ဘင်းကတော့ စူပုတ်နေကာ

"ကျွန်တော်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ဟျောင်းကိုပဲအားပေးမှာကို"

"အဲ့လိုလုပ်လို့မဖြစ်ဘူး အခုကတည်းကနေပဲအားပေးလိုက်မယ်
ဆောင်းဟန်ဘင်း ဖိုက်တင်း ''

"ဟျောင်း!"
ဘယ်လိုပဲဖြစ်ဖြစ် ဟာအိုက စိတ်ကူးပြောင်းမည့်ပုံမပေါ်တာမို့
ဟန်ဘင်းမတ်တပ်ထရပ်ပြီးလွယ်အိတ်ကိုကိုင်ကာ ထွက်သွားတော့သည် ။

"စိတ်ကောက်သွားပြီနဲ့တူတယ် "

"အွန်း ကောက်စိန်လေး ကောက်သွားပြီ မပူနဲ့ ထမင်းစားချိန်ရောက်
ရင်ပြန်ပေါ်လာလိမ့်မယ် "

ဟန်ဘင်းထွက်သွားတော့ ကျန်ခဲ့သူ ဟာအိုနဲ့ဂျီအွန်းက
သူတို့ရဲ့အငယ်လေးကိုပြုံးကြည့်ရင်း လုပ်လက်စအလုပ်ကို
ဆက်လုပ်ကြတော့သည်။

My beloved school president (binhao)UxZ(complete)Where stories live. Discover now