အပိုင်း(၄)

733 105 13
                                    

ဟာအိုအခန်းလေးထုံးစံအတိုင်း တံခါးထုသံကြားရတော့
လက်သည်ကဘယ်သူမှန်းတွေးကြည့်စရာရော ချောင်းကြည့်စရာပါ
မလိုတာမို့ ဟာအို တံခါးဖွင့်ပေးလိုက်တော့ အထုပ်ပေါင်း
များစွာဆွဲပြီး ဝင်လာတဲ့ဟန်ဘင်းကိုတွေ့လိုက်ရသည်။

"ဘာအထုပ်တွေလဲ ?"

ဟာအိုကတော့ သူ့အခန်းကိုပြောင်းလာတာကိုမရိပ်မိဘဲ
ပစ္စည်းတွေကိုအခန်းထဲတောင်ကူရွှေ့ပေးလိုက်သေးသည်။

"ကျွန်တော့်ပစ္စည်းတွေလေ ဒါအကုန်ဘဲ ဒီနေ့ကစပြီး
ကျွန်တော် ဟျောင်းနဲ့ပဲနေတော့မှာ "

"ဘာလို့လဲ ? မနေရပါဘူး ၊ မင်းအခန်းကဘာဖြစ်လို့လဲ ?"

မေးခွန်းများစွာနဲ့ဟာအိုကို ဟန်ဘင်းက အရေးမလုပ်ပဲ
သူ့အိမ်သူ့ရာလိုပင် ဟာအိုရဲ့အခန်းထဲဝင်ကာ သူ့ပစ္စည်း
တွေကိုနေရာချရင်း

"ဘာဖြစ်ရမှာလဲ ဟျောင်းဘဲပြောတော့ကျောင်းမှာမသိသလို
နေရမှာဆို "

"အေးလေ အဲ့တာနဲ့ဘာဆိုင်လို့လဲ ?"

"ဟျောင်းဘဲစဥ်းစားကြည့်လေ ကျွန်တော်တို့တွေ့ရတဲ့အချိန်က
နေ့ဘက်မှပိုရမှာကို ဟျောင်းက ကျွန်တော့်ကိုကျောင်းမှာတွေ့ရင်
မခေါ်ခိုင်းဘူးလေ အဲ့ဒါကြောင့် ဟျောင်းအခန်းထဲလာနေတာ
တူတူနေတဲ့အချိန်ပိုရအောင်လို့ "

"မင်းညဘက်လည်း တစ်ချိန်လုံးငါ့အခန်းထဲမှာပဲလေ
အိပ်ချိန်ရောက်မှပြန်သွားတာမလား "

"အဲ့ဒါကြောင့်လေ ဟိုဘက်အခန်းကို ပြန်ပြန်အိပ်နေရတာ
အဆင်မပြေလို့ ဒီမှာပဲအိပ်တော့မယ် "

ပြောရင်းနဲ့ ဟန်ဘင်းက အဝတ်အိတ်ကိုဖြည်ကာ ဟာအိုရဲ့
အင်္ကျီတွေကိုဘေးကပ်ပြီး သူ့အင်္ကျီတွေထည့်နေလေပြီ။

"ဒီမှာအိပ်လို့မရဘူး ငါ့အခန်းမှာကုတင်ကတစ်လုံးတည်းရှိတာ"

"ကိစ္စမရှိဘူး ကျွန်တော်ဆိုဖာပေါ်သွားအိပ်လိုက်မယ် "

ဆုံးဖြတ်ချက်ပြတ်သားပုံရတဲ့ ဟန်ဘင်းကိုကြည့်ပြီး
ကန်ထုတ်ရင်တောင်ထွက်သွားမယ့်ပုံမပေါ်တာမို့
ဟာအို ဘာမှဆက်ပြောမနေတော့ဘဲလက်ခံလိုက်တော့သည်။
ဘယ်လိုပဲဖြစ်ဖြစ် ခါတိုင်းလည်း တစ်ညလုံးနေနေတာပဲ
အခုက အိပ်တာလေးပဲပိုသွားတာ ဆိုပြီး
ဟန်ဘင်းကိုလွှတ်ထားဖို့သာဆုံးဖြတ်လိုက်သည်။

My beloved school president (binhao)UxZ(complete)Where stories live. Discover now