အပိုင်း(၅)

673 99 5
                                    

Unicode

"ဟဲ့ နင်တို့ကြားပြီးပြီလား စီနီယာဂျီအွန်းက ကျောင်းပြန်တက်တော့မှာတဲ့ "

"ဟုတ်လား ? နိုင်ငံလက်ရွေးစင်အသင်းထဲပါကတည်းက
ကျောင်းနားလိုက်တာမလား "

"ဟုတ်တယ်လေ သူ့ပြိုင်ပွဲတွေဆိုအရမ်းကြည့်ကောင်းတာပဲ
ရုပ်လည်းချောတယ် ၊ ပိုက်ဆံလည်းရှိတယ်၊ အရည်အချင်း
ကလည်းရှိသေးတယ် "

"ဟုတ်ပါရဲ့ လောကကြီးက မတရားလိုက်တာ "

စတဲ့ စတဲ့ စီနီယာဂျီအွန်းဆိုတဲ့ လူအကြောင်းနဲ့ပတ်သတ်ပြီး
ဟာအိုကျောင်းထဲကိုဝင်လာတာနဲ့ကြားရတဲ့စကားတွေထဲက
တချို့ဖြစ်ပြီး ကျောင်းကကောင်မလေးတွေစုပြီးပြောနေကြတဲ့ခေါင်းစဥ်ကတော့ ဒီတစ်မျိုးထဲပင် ။

"ရစ်ကီ မင်းရော စီနီယာဂျီအွန်းဆိုတဲ့လူအကြောင်းကြားသေးလား"

"မကြားစရာလား ဒီတစ်မနက်လုံးလူတိုင်းဒီအကြောင်းကိုပြောနေကြတာလေ "

"ဟုတ်လား ? ကြည့်ရတာ အရမ်းတော်တဲ့လူဖြစ်မယ် "

"မင်းက အားကစားပွဲတွေမကြည့်လို့သိမှာမဟုတ်ဘူး
သူက နိုင်ငံ့ဘတ်စကတ်ဘောလက်ရွေးစင်အသင်းထဲကလေ
နာမည်အပြည့်အစုံက ကင်ဂျီအွန်းတဲ့ "

"ဝိုး....သိလှချည်လား "

"ငါလည်းဘတ်စကတ်ဘော ကစားနေတဲ့လူလေ
နိုင်ငံ့ပွဲတွေမကြည့်ဘူးပဲ ဘယ်နေပါ့မလဲ "

ရစ်ကီရဲ့စကားကိုဟာအို ခေါင်းညိတ်ထောက်ခံလိုက်ပြီ
စာအုပ်ထုတ်ကာ စာလေ့လာရန်ဆုံးဖြတ်လိုက်တော့သည်။
အတန်းခေါင်းဆောင်ဖြစ်သွားတဲ့နောက်ပိုင်းဟာအိုမှာ
အားရင်အားသလိုစာလုပ်ထားရသည်။ မဟုတ်လျှင်
အစည်းအဝေးခဏခဏ ခေါ်တတ်တဲ့ ဟန်ဘင်းကြောင့်
သူစာနောက်ကျရပေါင်းလဲများပြီ ။

နဂိုတည်းက သူတို့နှစ်ယောက်ရဲ့ကောလဟာလတွေကထွက်
နေပါတယ်ဆိုမှ ဆရာမက ရုတ်တရက်အတန်းခေါင်းဆောင်
ခန့်လိုက်တော့ အခုဆို ဟန်ဘင်းနဲ့မတွေ့ဖို့ကိုဘယ်လိုမှရှောင်မရအဲ့တာကြောင့်မထူးဇာတ်ခင်းပြီး ဒီအတိုင်းနေနေလိုက်တော့
တယ် ။လူတွေထင်ချင်သလိုထင်ကြပါစေတော့။

My beloved school president (binhao)UxZ(complete)Where stories live. Discover now