အပိုင်း (၈)

640 80 16
                                    

Unicode
ဒီလိုနဲ့ ဟာအိုတို့သုံးယောက်ကနေ့ရက်တိုင်းအတူတူရှိခဲ့ကြသည်။အဲ့နေ့နောက်ပိုင်း ဟန်ဘင်းနဲ့ ဂျီအွန်းက ဟာအိုကိုနေရခက်အောင်မလုပ်ကြပဲ သုံးယောက်သား သူငယ်ချင်းကောင်းလိုပုံစံမျိုးနဲ့ ရှိနေခဲ့ကြသည်။ ဟန်ဘင်းကလည်း
ဟာအိုကိုအဖြေမတောင်းသလို၊ ဂျီအွန်းကလည်း
ဟာအိုကိုသဘောကျကြောင်းမပြောဖြစ်ပါ။
ဟန်ဘင်းတို့တူဝရီးနှစ်ယောက်လုံး ဟာအိုရဲ့အချစ်ကို
ပိုင်ဆိုင်ရဖို့ဆိုတာထက် ဟာအိုပျော်ရွှင်နေဖို့သာဂရုစိုက်
ကြတာမို့ ဟာအိုရဲ့မျက်နှာကတစ်နေ့ထက်တစ်နေ့ပိုပြီး
ကြည်လင်လာတော့သည်။

ကျောင်းရဲ့နာမည်ကြီးနှစ်ယောက်က ဟာအိုကိုအရမ်းဂရုစိုက်ကြလို့ အားကျသူတွေများသော်လည်း မနာလိုတဲ့သူတွေ
ကလည်းအများကြီးရှိနေဆဲပင် ။ ထိုမနာလိုသူတွေ
ဟာအိုကို ရန်မရှာရဲသည့် အကြောင်းအရင်းကတော့
ဟာအိုဘေးမှာရှိတဲ့လူနှစ်ယောက်လုံးက လက်သံပြောင်လို့ပင်။ဟာအိုကိုထိဓားကြည့်ဆိုသလို ကျန်းဟာအိုကိုရန်ရှာရဲသည့်မည့်သည့်ယောကျာ်းမိန်းမမဆို မှင်နီတားပြီးကျောင်းနားခံလိုက်ရသည်ပင် ။ ကျောင်းနားမခံရခင် ဟန်ဘင်းတို့တူဝရီးနှစ်ယောက်၏ ပညာပေးခြင်းကိုလည်းခံရသေးသည်။

တစ်ခါက ဟာအိုကန်တင်းတွင်ထမင်းထည့်ပြီးစားပွဲကိုအလာ
ဟာအိုကိုခြေထိုးခံလိုက်တဲ့ကျောင်းသားတစ်ယောက်က
နောက်တစ်နေ့တွင် သူ့ပါသူဟာအိုကိုပြန်လာတောင်းပန်ပြီး
ကျောင်းပြောင်းသွားသည်ပင် ။ တစ်ချို့လူတွေရဲ့ပြောပုံအရဆိုထိုကျောင်းသား၏ အံသွားများအနှုတ်ခံလိုက်ရလို့
ကြောက်လန့်ပြီးကျောင်းထွက်သွားသည် ဟူ၍ပင်။

ဟန်ဘင်းတို့ကျောင်းသည် နာမည်ကြီးအထက်တန်းကျောင်း
တစ်ကျောင်းဖြစ်သည့်အလျောက် ဟန်ဘင်းတို့ကျောင်းမှ
အထက်တန်းအောင်သွားသူတို့သည် ကိုယ်လိုချင်တဲ့
တက္ကသိုလ်ကို အားလုံးနီးပါးတက်ရောက်ခွင့်ရကြသည်။
ထို့ကြောင့် မိဘများက သူတို့ရဲ့ကလေးတွေကို သူ့ထက်ငါ
ဦးအောင်ကျောင်းအပ်နှံတက်ကြပြီး စည်းကမ်းကြီးတဲ့
ကျောင်းသားဥက္ကဌကြောင့်လည်း ကျောင်းသားကျောင်းသူများလိမ္မာရေးခြားရှိကြသည်ဟူ၍နာမည်ကြီးကြသည်။
တခြားကျောင်းမှပြောင်းလာသောဆိုးပေကြသည့်ကျောင်းသားများသည်ပင် ထူးခြားစွာလိမ္မာကုန်ကြ၍ ဟန်ဘင်းတို့ကျောင်းသည်မိဘများကြားတွင် ရေပန်းတော်တော်စားသည်ပင်။

My beloved school president (binhao)UxZ(complete)Where stories live. Discover now