အပိုင်း(၇)

635 94 2
                                    

Unicode
ဟန်ဘင်းအိမ်ကိုပြန်ရောက်လာတာနဲ့ ဧည့်ခန်းမှာထိုင်ပြီး
ရုပ်ရှင်ကြည့်နေကြတဲ့ ဟန်ဘင်းရဲ့ အဖေရယ်၊အမေရယ်နဲ့
ဟန်ဘင်းအမေရဲ့မောင်အငယ်ဆုံးဖြစ်သူ ဂျီအွန်းတို့က
ထူးထူးဆန်းဆန်းလှည့်ကြည့်လာပြီး ဂျီအွန်းက

"ဟေ့ကောင် ဖုန်းကိုင်ထားပြီးဘာလို့စကားမပြောတာလဲကွ
ကျောင်းမှာဘယ်လောက်ပဲ မသိတဲ့လူတွေလိုနေကြမယ်ပြောပြောကျောင်းမှာငါက စီနီယာပဲကို ဒီနေ့လုပ်ရပ်က
ကောင်းရဲ့လား "

"သူဘာလုပ်လို့လဲ "
ဟန်ဘင်းအမေက မေးလိုက်သည်။

"ဘာလုပ်ရမှာလဲ ကျွန်တော်နဲ့ဟာအိုစကားပြောနေတဲ့အချိန်
ဟာအိုလက်ကိုအတင်းဆွဲခေါ်သွားတယ်လေ
အဲ့ဒါနဲ့ ဟာအိုကပြန်လာတော့ တစ်နေ့လုံးမျက်နှာမကောင်းဘူးနေ့လည်စာလည်းမစားဘူးနဲ့တူတယ် "

"ဘာ? ဟျောင်းက နေ့လည်စာမစားဘူးလား ?"

"အဲ့တာထားလိုက်ဦး ဒီအချိန်ဆိုမင်းက
ဟာအိုနားမှာတောက်တဲ့လိုကပ်နေတာ
မလား ဘာလို့အိမ်ပြန်လာရတာလဲ ?"

"ဟာအိုဟျောင်းက သိသွားပြီ ၊စကောလားရှစ်ကိစ္စရော
ဦးငယ်အကြောင်းရော "

"ငါ့အကြောင်းကဘာလဲ "

"ဦီးငယ် တရုတ်ပြည်သွားတုန်းက ရိုက်လာတဲ့video
အကြောင်းလေ ခုနက သူအဲ့တာကြည့်နေတုန်း
ဦးငယ်ဆီက ဖုန်းဝင်လာတာ ၊ ကျွန်တော်နဲ့အမျိုးတော်တယ်
ဆိုတာလည်းသိသွားပြီး ၊ပြီးတော့ ကျွန်တော်သူ့ကိုလည်း
ဖွင့်ပြောလိုက်သေးတယ် "

"Ya ဒီအကြောင်းတွေတစ်ခါတည်းသိသွားတော့ဘယ်လိုလုပ်မလဲသူစိတ်ရှုပ်သွားမှာပေါ့ "

"အင်း အဲ့တာကြောင့် ကျွန်တော်ကိုသူနဲ့တစ်ပါတ်တိတိမတွေ့ကြဖို့ပြောတယ်အိမ်မှာရောကျောင်းမှာရော "

ဟန်ဘင်းရဲ့စကားကြောင့် ဂျီအွန်းဟန်ဘင်းကိုစိတ်ပျက်သလို
ကြည့်လိုက်ရင်း

"Ya သဘောတူညီချက်ကိုမှတ်မိလား ?"

မှတ်မိတာပေါ့ ၊ ဟန်ဘင်းသိပ်မှတ်မိတာပေါ့ ။
သူတို့နှစ်ယောက်လအတော်ကြာစကားမပြောခဲ့လို့ ဂျီအွန်း
ကနေစပြီးဒီသဘောတူညီချက်ကိုကမ်းလှမ်းခဲ့ချေသည်။
ဟန်ဘင်းက ဟာအိုကိုဖွင့်ပြောပြီးလို့ အငြင်းခံရတယ်ဆိုရင်
ဂျီအွန်းကိုအခွင့်အရေး ပေးရမှာပင်။

My beloved school president (binhao)UxZ(complete)Where stories live. Discover now