Final (Zawgyi)

170 3 0
                                    

"ဟျောင်း !!! မျက်စိဖွင့်ပါဦး ဟျောင်း
တောင်းပန်ပါတယ် တောင်းပန်ပါတယ် ဟျောင်းကိုတစ်ယောက်
တည်းချန်ထားမိလို့တောင်ပန်းပါတယ် ၊ ကျေးဇူးပြုပြီး
ကျွန်တော့်ကိုကြည့်ပါဦး ကျေးဇူးပြုပြီး !!"

မေ့မြောနေတဲ့ ဟာအိုကိုရင်ခွင်ထဲပွေ့ကာ ရှိုက်ကြီးတငင်
ငိုကြွေးနေသော ကျောင်းသားဥက္ကဌသည်
အများအမြင်တွင် စိမ်းသက်စွာ ၊၊

မကြာခင် မီးသတ်ကားနဲ့ အရေးပေါ်လူနာတင်ယာဉ်တို့
ရောက်လာတာကြောင့် ဟန်ဘင်း ဟာအိုကို ကုတင်ပေါ်ပြောင်း
တင်ကာ သူပါတစ်ခါတည်းလိုက်သွားခဲ့သည်။

ဒီလိုနဲ့ အားကစားပြိုင်ပွဲကြီး၏ပျော်ရွှင်စရာပုံရိပ်များမှာ
ပျောက်ဆုံးသွားပြီး ဆရာများခေါင်းခဲနေကြသည်။
ထိုအခန်းက လျှပ်စစ်မီးမတပ်ဆင်ထားတဲ့ တစ်ခုတည်းသော
အခန်းဖြစ်တာမို့ ဝါယာကြိုးရှော့ဖြစ်ပြီး မီးလောင်တယ်
လို့လည်းပြောလို့မရတာကြောင့် သေချာပေါက်ရှို့မီးသာ
ဖြစ်ပြီး ဟာအိုကိုလုပ်ကြံသူရှိမည်ဟု ဆရာများကခန့်မှန်း
လိုက်ကြပြီး ကျောင်းသားအားလုံးကို ကိုယ့်အတန်းကို
ပြန်ခိုင်းကာ ကျောင်းသားတို့၏လွယ်အိတ်များကိုစစ်ဆေး
ကြတော့သည်။

သို့သော်မသင်္ကာစရာမတွေ့တာမို့ ပြိုင်ပွဲကိုသာဆက်လက်ကျင်းပ
ရန် ဆုံးဖြတ်လိုက်ကြတော့သည်။

ဆရာတွေက တရားခံကိုဆက်မရှာဘဲလက်လျှော့လိုက်ပေမယ့်
ဂျီအွန်းကတော့ လက်မလျှော့ဘဲ အိမ်သာတွေနှင့်
ကျောင်းသားများ အဝတ်လဲသည့် လော့ကာခန်းတွေထိပါ
စစ်ဆေးရန်ထွက်လာတဲ့အချိန် သူ့ရှေ့တွင်လူတစ်ယောက်က
ပိတ်ရပ်ထားတာကိုတွေ့ပြီး ကြည့်လိုက်တော့
သူ့ရှေ့က လူကိုမြင်ဘူးသလိုလိုရှိတာနဲ့ ဂျီအွန်းဦးနှောက်ကို
အလျှင်အမြန်အလုပ်ပေးလိုက်တော့ ဒီမနက်သူ့ဘေးမှာ
အိပ်နေခဲ့တဲ့ မျက်နှာပိုင်ရှင်ဖြစ်နေကြောင်းတွေ့လိုက်ရသည်။

"မနေ့ညက ကိုယ့်ကိုကူညီပေးလို့ကျေးဇူးတင်ပါတယ်
အားတဲ့တစ်နေ့ ကျေးဇူးသေချာဆပ်မှာမို့ အခုတော့ဖယ်ပေး
လို့ရမလား  လုပ်စရာလေးတွေရှိလို့ "

My beloved school president (binhao)UxZ(complete)Where stories live. Discover now