696 36 32
                                    

"ကိုကြီး မေမေတို့ ဘာယို့ အလုပ်ရှုပ်နေယာယဲဟင်"

"မေမေတို့ သူငယ်ချင်းတွေ နိုင်ငံခြားက ပြန်လာကြလို့တဲ့ အဲ့ဒါ မေမေနဲ့ဖေဖေဆီ လာလည်မှာလေ"

၅နှစ်အရွယ် ဂွန်းဝုဂ့်ဟာ ကိုကြီးပြောသမျှကို ‌ခေါင်းလေးတညိတ်ညိတ်...

"မေကြီးရေ ဟျိုဂျင်းတို့ ရောက်လာပြီ"

"လာပြီ လာပြီ"

ယောက်ျားဖြစ်သူ၏စကားကြောင့် ဆိုဟာမှာ မီးဖိုချောင်ထဲကနေ ပြေးထွက်လာသည်။

"ဆူဂျင်းရယ် မတွေ့တာကြာတာတောင် အရင်ကအတိုင်းပဲ"

"အမလေး မြှောက်နေပြန်ပါပြီ ဆိုဟာရယ်"

"ဒါလေးက သားလေး‌လား?"

"ဟုတ်တယ် သား တီတီကို နှုတ်ဆက်လိုက်ပါဦး"

"တားတားက ဂူဘင်းပါဂျ"

မိတ်ဆက်ရင်း လက်သေးသေးလေးတွေဖြင့် ဆိုဟာ့လက်ကို သွားဆွဲနေတာမို့ ဆိုဟာမှာ အသဲ တယားယားနှင့်သာ..

"အသွက်ကလေးပဲ သားသားက"

"မေမေယဲ တားကို အဲ့ယိုကြောတယ်"

"ဟုတ်လား လာပါဦး ဝင်ကြရအောင်"

ဆူဂျင်းကတော့ သူ့သားအသွက်ကလေးကို မနိုင်စွာ ခေါင်းရမ်းသည်။ ဂယူဘင်းကတော့ သူ့တီတီလက်ကို ကိုင်ကာ ခြေထောက်တိုတိုလေးတွေနှင့် အိမ်ထဲ လိုက်ဝင်သွားတော့သည်။

"တီတီ တားတား မုန့်ချားချင်တယ်"

"ကျွေးမှာပေါ့ရှင် အမလေး သွက်လိုက်တာ ဆူဂျင်းရယ်၊ အိမ်က သားတွေနဲ့များကွာပါ့"

"အယ် ဟုတ်သား ဆိုဟာ့ကလေးတွေ ခေါ်ပါဦး"

"ခေါ်မယ် ခေါ်မယ် သားကြီးရေ၊ သားငယ်လေးကို ခေါ်ပြီး လာပါဦး"

ဂွန်းဝုဂ့်လေးမှာတော့ ကိုကြီးခေါ်ရာနောက်ကို လုံးတုံးလုံးတုံးဖြင့် လိုက်လာသည်။

"သားကြီး သားငယ် တီတီ့ကို မိတ်ဆက်ပါဦး"

"သားက ပတ် ဂယောင်း ဝူပါ"

"တားက ဂွန်းနုပါ တီတီ"

"သားကြီးက ၁၁နှစ်၊ အငယ်လေးကတော့ ၅နှစ်ပဲရှိသေးတယ်"

𝙰𝙻𝚆𝙰𝚈𝚂 Onde as histórias ganham vida. Descobre agora