⑩ ^Final^

213 23 4
                                    

"ဂွန်းဝုဂီ! ဂွန်းဝုဂီ!"

"ဗျာ ဗျာ လာပါပြီဗျ!"

"ခစ် ခစ် ကိုကို့ကို ဒါလေးကူပေးပါဦး"

ကိုယ့်အိမ်ကိုယ်ရာဖြစ်တဲ့ မေမေ့အိမ်ဆီမှ ဂွန်းဝုဂီဆီ အပြီးပြောင်းနေတော့မှာမို့ ဂယူဘင်းမှာ အထုပ်အပိုးတစ်ပုံတပင်ဖြင့်...

ဂွန်းဝုဂ့်ကတော့ ဂယူဘင်းလုပ်သမျှကို မျက်တောင်မခတ်တမ်းကြည့်ကာ အထိအခိုက်မခံဘဲ လေးတာမှန်သမျှ အကုန်သယ်ပေးနေသည်။

အမှန်တော့ ရည်းစားဖြစ်တာကို တော်တော်ကြာမှ ပြောဖြစ်မှာလို့ တွေးထားပေမဲ့, ဂွန်းဝုဂီက ရည်းစားဖြစ်ပြီး နှစ်ဝက်အကြာမှာပဲ နှစ်အိမ်သားလုံးကို ကျွန်တော်နဲ့ ကိုကိုနဲ့က တွဲနေတာပါဆိုပြီး ဂွန်းဝုဂီရဲ့ မေမေမွေးနေ့မှာ ဂယူဘင်းလက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ပြောခဲ့သည်။

ပြဿနာတစ်စုံတစ်ရာ ဖြစ်မည်စိုး၍ ဂယူဘင်းမှာ မျက်စိစုံမှိတ်ထားသော်လည်း, တီလေးရော မေမေရောမှာ ဂွန်းဝုဂ့်အား 'ဂုဏ်ပြုတယ် သားလေး' ဆိုပြီး ပြောလာတာကြောင့် ဂယူဘင်းမှာ ကြောင်အအကလေးသာ ဖြစ်နေခဲ့ရသည်။

ဖေဖေနဲ့ ဦးလေးကတော့ ဘာမှဝင်မပြော, ဦးလေးကတော့ ပြုံးနေပေမဲ့, တည်တံ့နေတဲ့ ဖေဖေ့မျက်နှာကြီးကြောင့် ဂယူဘင်းမှာ သေးထွက်မတတ် ကြောက်ခဲ့ရသည်။

ဒါပေမဲ့ ညစာစားပွဲအပြီး အိမ်ပြန်‌လာတော့ ဖေဖေ‌ပြောလာသည်က သူများအိမ်က သားကို သေချာစောင့်ရှောက်ဖို့နဲ့, အလိုလိုက်ပေးရန်သာ ဖြစ်သည်။

'မင်းကငါ့သားဆိုပေမဲ့, ဟိုကလေးက မင်းကြောင့် တစ်ခုခုဆို အရင်ဆုံး မင်းကိုသတ်မှာ' လို့ပြောတုန်းက ဂယူဘင်းမှာ ပြုံးရင်းမျက်ရည်တွေကျခဲ့ရသည်။

သူတို့ကို ပုံမှန်မဟုတ်တဲ့သူတွေလို, ရောဂါရှိတဲ့သူတွေလို ဆက်ဆံခဲ့မှာ ကြောက်နေခဲ့ပေမဲ့, ဂွန်းဝုဂ့်တို့ မိသားစုရော၊ ဂယူဘင်းရဲ့ မိသားစုရောက သူတို့နှစ်ယောက်ဘက်မှာ ရပ်တည်ပေးခဲ့သည်။

အခုအိမ်က ပြောင်းလာခြင်းက ဖေဖေ၏ တိုက်တွန်းစကားကြောင့်ပင်, ဂယူဘင်းက ကျောင်းပြီး၍ Dance Studio တစ်ခုဖွင့်ထားပြီး ဝါသနာပါသည့်သူတွေကို အကပြန်သင်ပေးနေပြီး, ဂွန်းဝုဂ့်ကတော့ ကျောင်းတက်ရင်း အလုပ်သင်ဆင်းနေရပြီဖြစ်သည်။

𝙰𝙻𝚆𝙰𝚈𝚂 Where stories live. Discover now