အတူနေပါလား ဆိုသည့် ဂွန်းဝုဂ့်၏စကားကို ဂယူဘင်းမှာ ချက်ချင်းခေါင်းညိတ်ပြီး ဂွန်းဝုဂ့်အိမ်ပေါ်တက်နေနေသည်မှာ တစ်လလောက်ပင်ရှိတော့မည်ဖြစ်သည်။
အခုကတော့ ဂယူဘင်း တော်တော်လေးကို ဒေါသထွက်နေတာ ဖြစ်သည်။ ဂယူဘင်းတို့ကျောင်းက ပြန်မဖွင့်သေးပေမဲ့ ဂွန်းဝုဂ့်တို့ကျောင်းမှာတော့ ပြန်ဖွင့်နေသည့်အပြင် စာမေးပွဲအသေးတွေပါ စစစ်နေပြီဖြစ်သည်။
စာမေးပွဲအကြောင်းပြပြီး ဂွန်းဝုဂ့်အနား တောက်တဲ့လိုကပ်နေသည့် မိန်းကလေးတစ်အုပ်ဟာ ဒီတလောအတွင်း အိမ်မှာ တက်မနေရုံတမယ်ကို အိမ်သို့လာသည်။ အခုလည်း တဟီးဟီး တဟားဟားနှင့် ဂွန်းဝုဂ့်ပုခုံးအား တဖက်ဖက်ရိုက်ပြီး စကားပြောနေသည်။
ဂယူဘင်းမှာ ထိုအုပ်စုအားကြည့်ကာ စိတ်တိုနေသည်မှာ ထိန်းမရတော့...
"ဂွန်းဝုဂီ!"
"ဗျာ ကိုကို"
ဆိုဖာပေါ်မှာ ဂွန်းဝုဂ့်ကိုယ်တိုင် လှီးထားပေးသည့် သရက်သီးအား ခက်ရင်းဖြင့်ထိုးကာ စားနေရင်း နာမည်ခေါ်လိုက်တော့ ဆိုဖာအောက်က ဂွန်းဝုဂ့်မှာ ချက်ချင်းလှည့်ကြည့်လာသည်။
"ကိုကို အအေးသောက်ချင်လို့ အပြင်ခဏသွားမလို့"
"မရပါဘူး ကိုကို့ခြေထောက်ကို တတ်နိုင်သလောက်အနားပေးရမယ် ပြောထားတာကို, ကိုကိုဘာသောက်ချင်လဲ ကျွန်တော် ဝယ်ပေးမယ်"
"ရပါတယ်, ကောင်းနေပြီပဲကို, ဂွန်းဝုဂီက စာမေးပွဲဖြေရမှာလေ"
သူ့စကားကြောင့် ဂွန်းဝုဂ့်က သူ့ကို မျက်မှောင်ကျုံ့ကာ ကြည့်လာသည်။ ပြီးတော့မှ အသာပြုံးလိုက်ပြီး ဟိုကောင်မလေးတွေဘက် ပြန်လှည့်သွားသည်။
"အာရင်း, ဆိုးယူ နင်တို့ ဒီနေ့ ပြန်လိုက်ကြတော့"
အိမ်ရှင်ကနှင်တော့ ဧည့်သည်တွေမှာ အထုပ်ကလေးပိုက်ပြီး တံခါးဝမှ တာ့တာပြကြရသည်။
သူငယ်ချင်းမနှစ်ယောက်ပြန်တော့မှ ဂွန်းဝုဂ့်က ကိုကို့နား တိုးကပ်ကာ ထိုင်လိုက်သည်။
"ကိုကို"
"ပြော"
"တကယ် အအေးသောက်ချင်တာလား?"