217 22 6
                                    

အချိန်တွေကြာလာတာနဲ့အမျှ ဆေးကျောင်းသား ဂွန်းဝုဂ့်နှင့် အနုပညာကျောင်းသား ဂယူဘင်းမှာ တွေ့ရသည့်အချိန်ဟာ ရှားလာသည်။

"သားငယ် မင်းကိုကိုနဲ့ မတွေ့ဖြစ်ဘူးလား? ပြောတော့ သူ့မွေးနေ့ ဒါလေးပေးမယ်ဆို"

ကိုကို့မွေးနေ့မတိုင်ခင်က ဝယ်ထားတဲ့ လက်ဆောင်ဘူးကို မေမေကတွေ့ပြီး, မေမေကတောင် စိတ်လှုပ်ရှားကာ မြန်မြန်ပေးဖို့ ပြောခဲ့ပေမဲ့၊ ကိုကို့မွေးနေ့ပြီးသွားတဲ့အချိန်ထိ ဒီဘူးကို တွေ့နေသေးတာကြောင့် မေးနေခြင်းပင်။

"အမှန်တော့လေ သားအဲ့နေ့က အတန်းချိန်အရမ်းများပြီး ကိုကို့ကို မွေးနေ့ဆုတောင်းတောင် မပို့လိုက်ရဘူး"

"ဟယ် သားရယ် မင်းကိုကိုတော့ ဝမ်းနည်းနေတော့မှာပဲ"

"သားနောက်နေ့ကျ ဖုန်းဆက်ပြီးတော့ တောင်းပန်လိုက်ပါတယ်၊ ဒါပေမဲ့ ကိုကိုကတော့ စိတ်မကောင်းဖြစ်သွားပုံရတယ်"

ဈေးကျောင်းသားပီပီ သူတစ်ယောက်တည်းနေသည့်အိမ်ဟာ ရှင်းချိန်မရ၍ ကြွက်သိုက်လို ပွထနေတာကို မေကြီးက လာရှင်း‌ပေးနေတာပင်။ သူကတော့ စာကြည့်စားပွဲမှာထိုင်ပြီး ကျောင်းဖွင့်ရက် အမှီထပ်ရမည့် assignment အား သည်းကြီးမည်းကြီး ကုန်းရေးနေသည်။

"သားငယ်က ဆေးကျောင်းသားမို့ စာမေးပွဲက ခဏခဏမို့ မအားတာ မေမေသိပါတယ်၊ ဒါပေမဲ့ ဂယူဘင်းလေးကိုတော့ ပစ်မထားနဲ့လေ"

မေမေ့စကားကြောင့် ဘောပင်ကိုင်ထားတဲ့ ဂွန်းဝုဂ့်လက်တွေဟာ ရေးလက်စစာလုံးပေါင်းတစ်ခုမှာ ရပ်တန့်သွားရသည်။

ဒီတစ်နှစ်အတွင်း ကိုကိုနဲ့ သူက ဖုန်းပြောဖြစ်ပေမဲ့၊ အချိန်ခဏလောက်သာ၊ ကျောင်းမတက်ခင်ကနှင့် ကျောင်းတက်ခါစက အိမ်ကို နှစ်ကြိမ် အလည်ခေါ်ခဲ့ဖူးပေမဲ့ နောက်ပိုင်းတော့ မခေါ်ဖြစ်တော့။

မခေါ်ဖြစ်ရသည့်အကြောင်းအရင်းဟာလည်း ဂွန်းဝုဂ့်ပါပင်၊ ကိုကိုလာမယ်ပြောတိုင်း အိမ်ရှင်းဖို့ အချိန်မရှိ၍ ဂွန်းဝုဂ့်မှာ ခဏခဏငြင်းနေရသည်။ နောက်တစ်ချက်က ဂွန်းဝုဂ့်မှာ တကယ်ကိုပင် ဟိုဟာယားလို့တောင် ကုတ်မအားပေ။

𝙰𝙻𝚆𝙰𝚈𝚂 Where stories live. Discover now