163 23 10
                                    

ဂယူဘင်းမှာ ဂွန်းဝုဂ့်ရဲ့ အကူအညီဖြင့် တဖြည်းဖြည်း အဆင့်တက်လာခဲ့သည်။ ခြောက်လမြောက် လပတ်စာမေးပွဲမှာတော့ ဂယူဘင်းက အဆင့် ၆၅မို့ ဂယူဘင်း ပထမနှစ် ၅ခန်းထဲက တတိယမြောက်အခန်းကို တက်သွားပြီဖြစ်သည်။ ဒါပေမဲ့ စိတ်ပူစရာက စာမေးပွဲက ၉ကြိမ်ဖြေပြီး နောက်ဆုံးတစ်ကြိမ်က အတန်းတင် စာမေးပွဲဖြစ်သည်။

ဆိုလိုသည်က ဂယူဘင်းမှာ အချိန်၂လသာ ကျန်သည်။ ၂လအတွင်း ဂွန်းဝုဂ့်ကို ပေးထားတဲ့ကတိ တည်နိုင်ပါ့မလားဆိုတာ ဂယူဘင်း စိတ်ပူနေရသည်။ ဂွန်းဝုဂ့်ပြောသလို တခြားကျောင်းပြောင်းရတာ ခက်တာမျိုးမဟုတ်ပေမဲ့၊ သူကိုယ်တိုင် ဂွန်းဝုဂီရှိတဲ့ နေရာမှာ နေချင်တာမို့ ဒီလောက်ထိ ကြိုးစားနေတာဖြစ်သည်။

တစ်လ တစ်လ တိုးတက်လာတဲ့ အမှတ်တွေနဲ့ အဆင့်တွေကြောင့် ဂယူဘင်းက ဆရာမတွေရဲ့ အချစ်တော်လေးပင် ဖြစ်နေတော့သည်၊ ဂယူဘင်း ဘယ်လောက်စာလုပ်ခဲ့ရသည်ဆိုတာ ဂယူဘင်းအသိဆုံးပင်၊ မေမေရော‌ ဖေဖေရောက သူတို့သား ဆေးစားမှားတယ်ထင်နေကြပေမဲ့ တကယ်တော့ ဂွန်းဝုဂီနဲ့ အရမ်းမဝေးချင်လို့ ရေကုန်ရေခမ်းကြိုးစားနေခြင်းပင်...

အခုတော့ အထူးခန်းဘက်ကို ခြေဦးလှည့်ရင်း ဂွန်းဝုဂီကို သွားကြည့်ကြည့်လိုက်ဦးမယ်၊ အထူးခန်းဘက်ကို သိမ်ငယ်လွန်းတာကြောင့် မသွားဖြစ်ပေမဲ့ အရင်ရက်က ဂွန်းဝုဂ့်ကသူ့ကို ဒီလိုပြောပါသည်။

"ကိုကိုအဆင့်သိရရင် အခန်းဆီ လာပြောနော်၊ အဲ့နေ့ကျ ကျွန်တော်တို့ self study လုပ်ရမှာမို့ အပြင်ထွက်လာဖို့မလွယ်လို့" ဟူသည့်စကားကြောင့် ဂယူဘင်းမှာ အထူးခန်းဘက်ကို ရှိသမျှ သတ္တိအကုန်မွေးကာ သွားနေခြင်းပင်...

ဂွန်းဝုဂ့်ကူညီပြီးတော့ အဆင့်က ၉၀ကျော်နဲ့ ၈၀ကျော်မှာမို့ ဂွန်းဝုဂီက သူ့ကို ခေါင်းတခါခါသာ, ပြီးရင် 'ဒီလိုအတိုင်းဆို ကိုကိုကတော့ ကျွန်တော်နဲ့ တွေ့ရမှာ မဟုတ်တော့ဘူးထင်တယ်' လို့ပြောတတ်သေးသည်၊

ဂွန်းဝုဂီကတော့ 'ဒီအတိုင်းစတာကို' လို့ ပြောပေမဲ့ ဂယူဘင်းက ဝမ်းနည်းရသည်၊ သူတို့နှစ်ယောက်က ဘာလို့များ အရည်အချင်း ဒီလောက်ကွာနေရသလဲဆိုပြီး တွေးမိပြီး စိတ်ဓာတ်ကျရတာ အခါခါ၊ အခုတော့ အဆင့်၂၀လောက် ခုန်တက်သွားတာမို့ ဂွန်းဝုဂီ ကျေနပ်လောက်မှာပါ...

𝙰𝙻𝚆𝙰𝚈𝚂 Where stories live. Discover now