210 25 10
                                    

"ကိုကို!"

"လန့်လိုက်တာ ဂွန်းဝုဂီရယ်"

ရင်ဘတ်ကို လက်နဲ့ဖိကာ ပြောတော့ ဂွန်းဝုဂီက တခစ်ခစ် ရယ်သည်။

"စာမေးပွဲက နှစ်ကြိမ်ပဲကျန်တော့တာလေ၊ တွေးရင်း ပျော်စရာကောင်းနေပြီ"

ဒီစကားက တခြားလူပြောရင် အံ့ဩစရာကောင်းမှာမဟုတ်ပေမဲ့ ပြောတဲ့သူက ဂွန်းဝုဂီမို့ မျက်လုံးကလေးပြူးကာ လိုက်ကြည့်နေမိသည်။

"ကိုကို့ကို စာမေးပွဲပြီးရင် Guide အပ်ဖို့ တီတီ့ကို ပြောရမယ်"

"ဟင် ဘာလို့လဲ!?"

"အယ် ချက်ချင်းကြီးတော့မဟုတ်ပါဘူး၊ ကျောင်းက ၂လခွဲတောင် ပိတ်မှာဆိုတော့ ၁လလောက်တော့ နားပေါ့"

သူပြောချင်တာ သူမေးချင်တာက ဒီအဓိပ္ပါယ်မှမဟုတ်တာ၊ သူ့ကို ဂွန်းဝုဂီက စာမသင်ပေးတော့ဘူးလားလို့ မေးတာလေ...

"မဟုတ်ဘူးလေ အဲ့ဒါကို ပြောချင်တာမဟုတ်ဘူး၊ ဂွန်းဝုဂီကရော"

ဂယူဘင်းအမေးကြောင့် ဂွန်းဝုဂ့်က သူ့ပါးစပ်ကို လက်နဲ့အုပ်လိုက်သည်။ပြီးတော့ ဂယူဘင်းကို ပြုံးပြလာသည်။

"အာ ဘာမှမဟုတ်ဘူး ခေါင်းထဲမထည့်နဲ့၊ စာဆက်လုပ်"

"မရဘူးပြော၊ ဂွန်းဝုဂီ၊ ဘာလို့လဲ ကိုကိုက ညံ့လို့လား?"

"မဟုတ်တာ ကိုကိုရယ်၊ မဟုတ်တာ၊ ဘာလို့ ပေါက်ကရတွေ လျှောက်တွေးနေရတာလဲဗျာ"

"အဲ့ဒါဆိုပြောလေ ဘာလို့ ဂွန်းဝုဂီ မသင်ပေးဘဲ၊ တခြားလူကို ခေါ်စေချင်တာလဲဆိုတာ?"

ဂွန်းဝုဂ့်က သူထိုင်နေတဲ့အနားထိလာကာ ပါးတွေကို ဆွဲဖဲ့လာသည်။

"မလုပ်နဲ့! မေးတာပဲဖြေ"

ပါးပေါ်ကလက်တွေကို ပုတ်ထုတ်တော့ ဂွန်းဝုဂ့်က သက်ပြင်းလေးချကာ သူ့ဘေးက ခုံမှာထိုင်ရင်း သူ့လက်တွေကို ကိုင်လာသည်။

"ဘာမှမဟုတ်ပါဘူး ကိုကိုရာ၊ ကျွန်တော့်ကို မယုံဘူးလား?"

"ယုံလို့ပေါ့, ကိုကိုက ဂွန်းဝုဂီပြောတာ ကြားချင်လို့ မေးတာလေ ဂွန်းဝုဂီရာ"

𝙰𝙻𝚆𝙰𝚈𝚂 Where stories live. Discover now