"မေမေ၊ မေကြီး ကိုကို ဘာဖြစ်လို့လဲဟင်!?"
"စိတ်အေးအေးထားပါ သားငယ်ရယ်၊ အရမ်းကြီး စိတ်မပူရဘူးတဲ့"
ကိုကိုဆေးရုံရောက်နေတယ်လို့ မေမေဖုန်းဆက်လာတာကြောင့် ဂွန်းဝုဂ့်မှာ အချိန်ပိုင်းအလုပ်ဖြစ်သည့် ဂိုက်သင်နေတာကိုပါ ဖျက်ကာ အလောတကြီးဖြင့် ဆေးရုံရောက်လာခြင်းပင်...
"သားဂယူက ဒီတလော စပ်တဲ့အစားအစာတွေ အများကြီးစားပြီး ဗိုက်တအားအောင့်တာတဲ့၊ ဒီရက်ပိုင်း အစားအသောက်ဆင်ခြင်လိုက်ရင် အဆင်ပြေသွားမှာပါ"
"အခု တကယ်အဆင်ပြေသွားပြီလား မေမေ"
"ဆရာဝန်က ဆေးထိုးပေးထားတော့ အခုတော့ သက်သာနေတယ်၊ သားတီတီက စိတ်ပူနေတာနဲ့ မေမေ့ကို ခေါ်လာတော့ အတူတူရောက်လာတာ"
"အစက ဂယူဘင်းလေးက သားလာမှ သားရောက်မှ ဆေးရုံသွားမယ်ဆိုပြီး သောင်းကျန်းနေသေးတာ၊ နောက်တော့ ချွေးတွေအရမ်းထွက်ပြီး အဆင်မပြေပုံရတာနဲ့ မေမေရော မင်းတီတီရော အတင်းကားထဲထည့်ပြီး ခေါ်လာရတာ"
"အခုက ကိုကို အိပ်နေတာလားဟင်"
"မအိပ်ဘူး သားလာတာ စောင့်နေတယ် လူနာခုတင်ပေါ် ခွေခွေကလေး သွားလိုက်"
မေမေ့စကားကြောင့် ဂွန်းဝုဂ့်သက်ပြင်းချလိုက်မိတယ်၊ အရင်ကတည်းက ကိုကိုနဲ့ သူမှာဆို ကိုကိုက သူ့ကိုပိုကပ်သည်။ လူပျိုပေါက်ဖြစ်လာတဲ့ ဂွန်းဝုဂ့်က ကိုကို့ကို ချစ်တာမှန်ပေမဲ့ ရင့်ကျက်လာပြီမို့ အရင်ကလို ကပ်ချွဲတာတွေ ဂျီကျတာတွေ မလုပ်ဖြစ်တော့....
တစ်ခါတလေ တကယ့်ကို ရံဖန်ရံခါမှသာ ကိုကို့ကလေးလေး လုပ်ချင်စိတ်ရှိတာ ဖြစ်သည်။ ကိုကိုကတော့မတူညီစွာ ငယ်ငယ်လေးကတည်းက အခုထိ ဂွန်းဝုဂ့်နားမှာပဲ နေချင်သည်။ နေမကောင်းတာမျိုး၊ ဒဏ်ရာရတာမျိုးတို့ဖြစ်ရင် ပိုဆိုးသည်။
ဒုတိယနှစ်ကတည်းက သေချာအချိန်မပေးနိုင်တော့တဲ့ ဂွန်းဝုဂ့်ကို ကိုကိုက အများကြီး မလိုအပ်လောက်တော့ပါဘူးလို့ တွေးခဲ့ပေမဲ့၊ ဒီလိုဖြစ်နေတာတောင် ပေတေနေခဲ့ပုံကြည့်ရတာတော့ ကိုကိုက ဂွန်းဝုဂ့်ကို အမြဲအနားမှာ ရှိစေချင်ပုံပဲ၊ ဒီလိုသိရတော့လည်း ဂွန်းဝုဂ့်က စိတ်အေးရတာပေါ့....