Part 1

2.2K 58 0
                                    

ကျွန်မ နာမည် "သိပ်သိပ်ချစ်"တဲ့။ဖေဖေတို့ အချစ်လွန်ပြီး မှည့်ပေးထားတယ် ထင်ပါရဲ့။ ကျွန်မအကြောင်းနဲ့ပတ်သက်လို့ ထွေထွေထူးထူး မရှိပါဘူး။ထားလိုက်ရအောင်၊ခုတလော စိတ်ပိုင်းဆိုင်ရာတွေအရမ်း အားနည်းနေလို့ သူငယ်ချင်းအင်ဂျင်နီယာတစ်စုနဲ့အတူသူတို့တာ၀န်ကျတဲ့ ရွာလေးဆီ စိတ်အပန်းဖြေဖို့ ထွက်လာခဲ့တယ်။
.......................

"သိပ်ချစ်"
"............"
"သိပ်ချစ်လို့!"
"ဟမ်..အင် ခေါ်တာလား"

စာအုပ်တစ်ခုထဲ အာရုံရောက်နေလို့ သူငယ်ချင်း မိငယ် ခေါ်သံကိုတောင်သတိမထားမိသော ထိုမိန်းကလေး။ဟုတ်ပါသည်၊နားလည်ရခက်သော ထိုမိန်းကလေး ‌‌‌ကား "သိပ်သိပ်ချစ်" တဲ့။

"နင့်မခေါ်လို့ ဒီကားထဲမှ သိပ်ချစ် ဘယ်နှယောက်ပါလို့လဲ"

"ဟား ဟား ဟား"

ကားထဲမှ သူငယ်ချင်းများ၏ရယ်သံ။

"ဆောရီးဟယ် ကဲ ပြော ပြော"
သိပ်ချစ်ကဆိုသည်။

"နင်မင်္ဂလာဆောင်တော့မှာဆို"

"........"

မိငယ်အမေးကို သိပ်ချစ်မဖြေပါ၊မဖြေချင်တဲ့မေးခွန်းမို့။

"မိငယ် ရယ် အလိုက်သိစမ်း!" သူငယ်ချင်း မိုးဟိဏ်း မှ သိပ်ချစ်ကို အားနာ၍ မိငယ်ကို ငေါက်လိုက်သည်။

"အေးပါဟယ် အေးပါ မမေးတော့ဘူး"
မိငယ်က ရယ်ကျဲကျဲနဲ့ ပြန်ဖြေသည်။ တယ်နောက်တဲ့ သူငယ်ချင်းတွေဟု သိပ်ချစ် စိတ်ထဲပြောနေမိသည်။ အမှန်တကယ်လဲ ထိုကိစ္စကိုမေ့ချင်၍ တမင်ခရီးထွက်လာခြင်းမဟုတ်လား။
..............................

"ရောက်ပြီ ထကြတော့ နောက်ခန်းက ..ဆရာတွေ....." ကားမောင်းနေတဲ့ မိုးဟိဏ်း မှ နောက်ခန်းက မိငယ်၊လွယ်လွင်၊နေနိုင် တို့ကိုနှိုးလိုက်သည်။ မိုးဟိဏ်း ဘေးမှာထိုင်နေတဲ့ သိပ်ချစ်ကတော့ စာအုပ်လေး အသာပိတ်ကာ ကားပေါ်မှ ဆင်းသည်။

ကားပေါ်ကနေအားလုံးဆင်းတော့ ခပ်လှမ်းလှမ်းကနေ လှည်းသုံးစီးနဲ့ လာကြိုတဲ့ရွာသားအချို့ကိုတွေ့ရသည်။လှည်းသုံးစီးဟာလှည်းလမ်းအတိုင်း မောင်းလာခဲ့တာ ရွာထဲတောင် ရောက်လာခဲ့ပြီ။ တစ်အိမ်နဲ့ တစ်အိမ် ခပ်စိပ်စိပ် ဆောက်ထားပေမဲ့ အိမ်တိုင်းမှာ ကိုယ့်ခြံနဲ့ကိုယ် သပ်သပ်ရပ်ရပ်လေးရှိနေသည်။မကြာခင်ပဲ လှည်းတွေဟာ ကြီးမားတဲ့ ကျွန်းအိမ်ကြီးရှေ့မှာ ဆိုက်တော့သည်။

"ဟော ... ရောက်တောင်လာကြပြီကိုး " ပိန်ပိန်ပါးပါးနဲ့ ဥပဓိရုပ်သန့်တဲ့ ထိုလူကြီးဟာ သူကြီးဖြစ်ပြီး သိပ်ချစ်တို့ကို ခရီးဦးကြိုဆိုသည်။

" ကဲ ..ခရီးရောက်မဆိုက် ခဏနားကြပါဦး တူကြီးတို့၊တူမကြီးတို့‌ရေ မင်းတို့ဖို့ နေ့လည်စာလေး ပြင်ခိုင်းထားမယ်"

"ဟိုကောင် ငပြား ဒီက မင်းညီတွေ ညီမတွေကို နေရာချပေးလိုက်ပါအုံး"

သူကြီးကတော့ မှာစရာရှိတာ မှာပြီး မီးဖိုချောင်ဘက်သို့ထွက်သွားသည်။
သူကြီးရဲ့တပည့်ကတော့ လှည်းပေါ်က ပါလာတဲ့ ပစ္စည်းတွေကို ချကာ နားနေဆောင်လို့ ထင်ရတဲ့ သူကြီးရဲ့ အိမ်ရှေ့ဖက်ဆီ ခေါ်သွားသည်။

"ဒီက ညီမလေးတို့ တစ်ခုခုလိုရင် အစ်ကို့ကို ခေါ်လိုက်နော် "ကိုငပြားက ဖော်ဖော်ရွေရွေ ပြောရှာသည်။

"ဟာ အစ်ကိုက မိန်းကလေးတွေကိုပဲ ကွက်ပြီးပြောတာ ဘာသဘောလဲဗျ အဟင်း"

" ဟားး ဟားး ဟားး "

နေနိုင်က လှမ်းစတော့ အားလုံး ရယ်သည်။ထိုအခါ ငပြားလဲ မျက်နှာကြီးရဲတက်လာကာ....

"ဟို..ဟို..ညီ..ညီတို့လဲ လိုအပ်တာရှိရင် အချိန်မရွေးခေါ်လို့ရပါတယ်" စကားလက်စ သတ်ကာ သုတ်ချေတင်တော့သည်။ ဒီလိုနောက်တဲ့ လူတွေနဲ့တော့ ငပြားရှက်လွန်းလို့ ငိုရမည်။

...............................

မနက်ဖြန် Foundation ချဖို့ လိုအပ်သည်များကို မိငယ်တို့လေးယောက် စာရင်းစစ်နေကြသည်။ သိပ်ချစ်ကတော့ စာအုပ် ဖတ်နေ သည်။...................

.........................................

Hsan Kyal 🍁☕

"အချစ်တဲ့လား"Where stories live. Discover now