Part 9

1K 40 0
                                    

ဒီလိုနှင့် အချိန်တွေကုန်လာခဲ့သည်မှာ ခြောက်လလောက်ရှိလေပြီ။ သိပ်ချစ်မှာ ဝတ်မှုံနှင့်အတူ ပြင်ဦးလွင်ရှိ ခြံများကို ဦးစီးလုပ်ကိုင်လျက်ရှိသည်။ ရွာတွင် ကျန်ခဲ့သည့် မိဘတွေနှင့် ဝတ်မှုံ အဆက်အသွယ်ရသည်။ မိဘတွေကလည်း စိတ်ဆိုးနေတုန်းမို့ ပြောမိရာပြောပေမဲ့ ယခုမှာတော့ ပြေပြေလည်လည်ပင် အိမ်သို့ ပြန်လာရန် ခေါ်ကြသည်။ဝတ်မှုံရဲ့ လက်ထပ်ပွဲဟာလည်း သူကြီးတို့ဘက်က ပဲဖျက်လိုက်ရသည်ဟူ၍......။

“ဟင် ချစ် ဘယ်ကိုသွားမလို့လဲ၊ မိုးချူပ်နေပြီ‌ လေ”

“ချိန်းထားတာရှိလို့ပါ၊ ဒီညအိမ်ပြန်နောက်ကျမယ်၊ မမ တံခါးတွေ သေချာပိတ်အုံး”

ထိုမျှသာပြောပြီး သိပ်ချစ်ကားမောင်းထွက်သွားလေပြီ။ ဝတ်မှုံသတိထားမိပါသည်၊ ဒီကောင်မလေးဟာ ဝတ်မှုံကို ရှောင်နေတာ ပြင်ဦးလွင်ကိုမလာခင်ကတည်းကပင်။ ဖြစ်ချင်တော့ ပြင်ဦးလွင်ရောက်တာ မကြာသေးခင်မှာပဲ၊ သိပ်ချစ် အလုပ်လုပ်နေတဲ့ ခြံတွေဆီကို အမျိုးသားတစ်ယောက် ရောက်လာဖူးသည်။ အဲ့ဒီအချိန်ကစလို့ သိပ်ချစ်အတော်ပြောင်းလဲသွားသည်ကို သတိပြုမိသည်။ ထိုအမျိုးသားက သူမနှင့် စေ့စပ်ခဲ့ဖူးသည့် ဂျွန် ဟု ခြံရှိအလုပ်သမားများကဆိုသည်။

..........................

“မင်းညက အိမ်ပြန်မလာဘူးရော်”

“အင်း ”

“မင်းခုတလောဘာဖြစ်နေတာလဲ တို့သိလို့ရမလား”

“ ဘာဖြစ်နေလို့လဲ ညီမက”

“‌ ဟော တွေ့လား အခေါ်အဝေါ်တွေပြောင်းကုန်ပြီ၊ အရင်က သူ့ကိုယ်သူ ချစ်လို့ သုံးနှုန်းတဲ့သူက”

“လာမရစ်နဲ့ကွာ မရာ၊ ဒီမှာပင်ပန်းလာတယ် စကားတောင်သိပ်ပြောချင်တာ မဟုတ်ဘူး...”

“ဘာ! တို့က ရစ်တာ ဟုတ်လား၊ ဒီမှာ ချစ် ဒီနေ့တော့တို့နှစ်ယောက် သေချာစကားပြောဖို့ လိုနေပြီ ၊ မင်းဘာလို့ တို့အပေါ်စိမ်းသက်သက် ဖြစ်နေတာလဲ ပြော”

“ဟ ဘာမှ မဖြစ်ပါဘူးဆိုမှကွာ”

“ ဘာကို ဘာမှ မဖြစ်ရမှာလဲ ၊ခြံထဲကို ဟိုလူရောက်လာကတည်းက မင်းသိသိသာသာ ပြောင်းလဲသွားတာ မဟုတ်ဖူးလား”

"အချစ်တဲ့လား"Where stories live. Discover now