Part 5

967 34 0
                                    

"မိငယ်၊ လွယ်လင် ငါရန်ကုန်ပြန်တော့မယ်"

"ဟင်! ဟာ!"

ဆောက်လုပ်ရေးနှင့်သက်ဆိုင်သည့် စာရင်းများကိုပြုစုနေသည့် မိငယ်နှင့် လွယ်လင်မှာ သိပ်ချစ်စကားကြောင့် အံဩနေကြသည်။

"ဘာဖြစ်တာလဲဟာ ရုတ်တရက်ကြီး"

"နေပါအုံး နင်ပြန်မှာ မိုးဟိဏ်းနဲ့ နေနိုင်သိပြီလား" မိငယ်အမေးကို သိပ်ချစ် ခေါင်းအသာခါရင်း....

" ဟင့်အင်း ဘယ်သူ့ကိုမှ မပြောရသေးဘူး"

"ဒါနဲ့ နင်ဘယ်တော့ပြန်ဖို့လဲ"

"မနက်ဖြန်"

"ဟယ်!မြန်လိုက်ချည်လား ကိစ္စတစ်ခုခုရှိလို့လား"

အမေးအမြန်း ထူလှတဲ့ သူငယ်ချင်းတွေကြောင့်သိပ်ချစ် စိတ်ညစ်ရပါသည်။

"စေ့စပ်ပွဲအတွက် အစ်ကို ဂျွန်နဲ့ငါပြင်ဆင်စရာလေးတွေရှိနေလို့"

"အော် ဟုတ်သားပဲ၊ အင်းပါ မိုးဟိဏ်းတို့ကို ဖုန်းဆက်ထားပြီး မနက်ဖြန်နင့်ကို လိုက်ပို့မယ်လေ"

"ရတယ် ရတယ် အစ်ကို ဂျွန်က ငါ့ကို လာကြိုမှာ"

သူငယ်ချင်းနှစ်ယောက်မှာတော့ စိတ်မကောင်းပေ၊ သို့သော်လဲ သူ့မရဲ့ personal ကိစ္စမို့ မငြင်းရက်ကြ။ ဖြစ်နိုင်ရင် သူမကို ဒီရွာမှာအကြာကြီး အနားယူစေချင်ကြသည်။ အလုပ်လုပ်လွန်းတဲ့သိပ်ချစ်၊ မိဘစကားနားထောင်လွန်းတဲ့ သိပ်ချစ်၊ ကိုယ့်ဘဝကိုတောင် ကိုယ်တိုင်မစီမံပဲ မိဘတွေ အလိုကျသာ နေပေးခဲ့တဲ့ ကောင်မလေးရယ်ပါ။

..............................................

သိပ်ချစ်ပြန်မှာကို သူကြီးက သိသဖြင့် လှည်းစီစဉ်ပေးထားသည်။

"ငပြား ရေမင်းညီမ ကိုကောင်းကောင်းမွန်မွန် လိုက်ပို့ ကြားလား"

"စိတ်ချပါ သူကြီးရဲ့"

လှည်းကလေးဟာ တရွေ့ရွေ့ ဖြင့်စတင်ထွက်ခွာနေလေပြီ။ ထိုစဉ် ပြတင်းပေါက်မှ ကြည့်နေသော လူတစ်ဦးကို သိပ်ချစ် သတိမပြုမိပါ။
...........................................

အရာရာကို ဝတ်မှုံနားမလည်နိုင်တော့၊ သူမကို စော်ကားခဲ့သူမှာ ဘာမျှ မဖြစ်ခဲ့သည့်အတိုင်း အေးဆေးစွာနေနိုင်လှသည်။ သူမရဲ့ စော်ကားမှုတွေရဲ့ အောက်မှာ အညွှန့်ကျိုးခဲ့ မိလို့ အထင်သေးပြီးရွံ သွားလေသလား။ ဒီလို ခံစားချက်တွေကို ဝတ်မှုံ ဘယ်လိုဖော်ပြရပါ့မလဲ၊ "သိပ်ချစ် မင်းကလေ အစ်မရဲ့ စိတ်ကိုဂယောင်ခြောက်ခြား ဖြစ်‌စေတဲ့ ပထမဆုံးလူပါပဲ သံသရာတကွေ့မှာ ထပ်မတွေ့ဖြစ်ဖို့ ဆုတောင်းပါတယ်"

"အချစ်တဲ့လား"Where stories live. Discover now