Part 3

1K 41 0
                                    

သိပ်ချစ်သည် ဖတ်လက်စ မဂ္ဂဇင်းကို ချပြီး အိမ်ရှေ့ဖက် ထွက်သွားသည်။ အကြောင်းမှာ decoration ပစ္စည်းတွေ ရောက်လာပြီဖြစ်သောကြောင့် ...

" ဟိဏ်းရေ ပစ္စည်းတွေရောက်ပြီနော်"
သိပ်ချစ် မိုးဟိဏ်းကိုခေါ်လိုက်သည်။

"ဟုတ်သားပဲ မိငယ်တို့နှစ်ယောက် တို့တွေလုပ်ငန်းစရအောင်ဟေ!"
နေနိုင်က ဖဲရိုက်တာကို ရပ်ပြီး စကားကောင်းနေတဲ့ မိငယ်နဲ့ လွယ်လင်ကိုခေါ်လိုက်သည်။

"Ok ok လာပြီ"

ပစ္စည်းတွေတစ်ချို့ကို အိမ်ပေါ်တင်လိုက်ကြပြီး တစ်ချို့ကိုတော့ အိမ်ရှေ့ကမဏ္ဍ အတွက် ထုတ်နေကြသည်။ အိမ်တွင်းအပြင်အဆင်မှာ သိပ်ချစ်တို့ သုံးယောက်တာ၀န်ယူပြီး၊ မဏ္ဍအပြင်အဆင်ကို မိုးဟိဏ်း၊နေနိုင်နှင့် ကာလသားတစ်ချို့ဦးဆောင်သည်။

.....................................
လွယ်လင်သည် ပန်းထိုးနေပြီး မိငယ်မှာ‌ ရောင်စုံစက္ကူများဖြင့် စာလုံးများထွင်နေသည်။ သိပ်ချစ်ကတော့ မီးရောင်စုံလေးတွေကို နေရာတကျနဲ့ လှလွန်းစွာ ချိတ်နေသည်။ သိပ်ချစ်ဟာ အနုပညာ ရွက်ပုန်းသီး ဖြစ်သည်။

"ဟင် လှလိုက်တာ"

အသံလာရာကို သိပ်ချစ်ကြည့်မိသည်။ အော် သူမပဲကို။ စကားကအသွားနှစ်ဖက် ရှိသည်လား။ လှတယ်ဆိုတာ သိပ်ချစ်ကိုလား၊ဟောဒီက အလှအပ ပစ္စည်းတွေလား၊ဖြစ်နိုင်ချေက အပြင်အဆင်တွေကို‌ ပြောတာနေမည်။

"........."
သိပ်ချစ်က အနည်းငယ်မျှသာ ပြုံးရောင်သန်းသည့်အနေအထားနှင့် ခေါင်းအသာလေးငြိမ့်ပြသည်။မည်သည့်စကားကိုမျှမဆို။

"ဟုတ်လား ကျေးဇူးပါ ၀တ်မှုံရယ် ယူကျေနပ်ရင်ဖြင့်ပြီးတာပဲ ဟီး" လွယ်လင်ကဆိုသည်။

"၀တ်မှုံ အားလားဟင်"
"ဟုတ် အားတယ်ရှင့်"
"ဒါဖြင့် တို့ကို ဒီစက္ကူလေးတွေ ကူညှပ်ပေးစေချင်တယ်ကွယ်"
မိငယ်မှာ ညှပ်ရမည့် စာလုံးများကများနေခြင်းကြောင့် ဝတ်မှုံကိုအကူအညီ တောင်းရခြင်းဖြစ်သည်။

"အို ....သိပ်ရတာပေါ့ရှင်"
...................................................................
အချိန်က အပြင်အဆင်နဲ့တင် တစ်ရက်ကြာသွားသည်။

"အချစ်တဲ့လား"Where stories live. Discover now