Part 11

965 35 0
                                    

‌တစ်ဖက်တွင်လည်း.....

“ သိပ်ချစ်!  ညီမလေး အဆင်သင့်ပဲလား”

“ အင်း နည်းနည်းတော့ စိတ်လှုပ်ရှားတယ်”

“ မင်းကိုကြီးပါ မသေချာပဲ ဘာမှ မလုပ်ဘူး”

နှစ်ယောက်သား ဆိုကာ ရည်ရွယ်ထားသည်အခန်းထဲသို့ ဝင်ဖို့ရာ အခန်းတံခါးကို ခပ်ပြင်းပြင်း ဆွဲဖွင့်လိုက်သည်။ သေချာသည့် အတိုင်းပင် ဖောက်ပြန်နေကြသည့် လူနှစ်ဦးကို တွေ့လိုက်ရသည်။

“ ထင်ထားတဲ့ အတိုင်းပဲ မေ မင်းငါ့ကို ဘယ်ချိန်ထိ ဆက်လိမ်ထားအုံးမှာလဲ ဟမ်!”

ဂျွန်ဟာ သိပ်ချစ်နှင့် စေ့စပ်ပွဲ ပျက်သွားပြီးနောက် ၊မကြာခင်မှာပင် ချစ်သူအသစ် ရခဲ့သည်။ ဂျွန်၏ ချစ်သူအသစ် ဖြစ်တဲ့ မေဂျုန်း ဟာ တရားမဝင် ပေါင်းသင်းနေတဲ့ အမျိုးသား ရှိ နေသည်ဟုသတင်းရသဖြင့် ထိုအရာများကို အတည်ပြုဖို့ ကြိုးစားရင်း....မေဂျုန်းရဲ့ အမျိုးသားဟာ ပြင်ဦးလွင်က ဖြစ်ကြောင်းဂျွန်သိသဖြင့် သိပ်ချစ်အားအကူအညီ တောင်းကာ စောင့်ကြည့်ခိုင်းထားသည်။ ယခု စုံစမ်း ရရှိထားတဲ့ အချက် အလက်တွေကြောင့် ညတွင်းကြီး သူခိုးလာဖမ်းကြခြင်းဖြစ်သည်။

“ မောင် ! ဒီကို ဘယ်လိုလုပ်!”

“ တော်စမ်း ငါ့ကို အဲ့လို မခေါ်နဲ့ ရွံလို့ မင်းကို ငါ့မှာတော့ မင်းလို ချင်တာ မှန်သမျှ အကုန်ဖြည့်ဆည်းပေးခဲ့တာ မင်းက ငါ့ကို လုပ်ရက်လိုက်တာ မိန်းမယုတ်!  မင်းနဲ့ငါ ခုကစပြီး ကိစ္စပြတ်ပြီ!”

ဖြန်း! ဖြန်း! ဖြန်း!

“ ဟေ့လူ မင်းဒါဘာလုပ်!အာ့”

မေဂျုန်းကို ပါးတွေချည်းရိုက်နေလို့ ဘေးက ဘဲကြီးက ဂျွန်ကို တားနေသဖြင့် ထိုဘဲကြီး ကိုပါ လက်သီး အစပ် ကျွေးလိုက်သည်။

“ ကဲကွာ! ကဲကွာ!ကဲကွာ!”

“ ကိုကြီး တော်‌‌တော့ အကုန် သေကုန်တော့မှာပဲ!”

ဘဲကြီးကိုအဆက်မပြတ် ထိုးနေသည့် ဂျွန်အား သိပ်ချစ်မနိုင်ပါ၊ ထိုအတိုင်းလွတ်ထားလို့လဲ မဖြစ်ပါ။ ခဏခြင်းပင် ဆူညံသံတွေကြောင့် ဟော်တယ်ဝန်ထမ်းများ ရောက်လာကာ ဂျွန်ကို ဝိုင်းချူပ်ထားကြသည်။

"အချစ်တဲ့လား"Where stories live. Discover now