Part 10

976 37 0
                                    

ရေချိုးပြီးတော့ ...ဗိုက်ဆာလာသဖြင့် ဝတ်မှုံအောက်သို့ ဆင်းလာခဲ့သည်။ ဧည့်ခန်းထဲတွင် စကားထိုင်ပြောနေသည့် သိပ်ချစ် တို့နှစ်ယောက်ကိုမြင်တော့ ရင်ထဲမှာ ပိုလို့တောင်ဝမ်းနည်းလာသည်။ ဘာတွေများ အလေးအနက်ပြောနေကြသည် မသိ နှစ်ယောက်စလုံး၏ အမူအယာ ဟာသိသိသာသာ ပျက်နေကြသည်။  ညနေစာမစားတော့ပဲ အပေါ်ပြန်တက်မည် လုပ်ပေမဲ့ လူမှုရေး မရှိဟု ထင်ခံရမှာဆိုးသဖြင့် သူတို့နှစ်ယောက် ရှိရာသို့ ဝတ်မှုံ သွားတော့....

“ ကဲ သိပ်ချစ် ကိုကြီး ပြန်‌တော့မယ်...”

ဘာသဘောလဲ။ နှစ်ယောက်သား စကားပြောနေကြတာ အကောင်းသား၊ဝတ်မှုံရောက်တော့မှ စကားဖြတ်ကာ ပြန်ဖို့ပြင်နေသည့် လူကို ဝတ်မှုံ အနည်းငယ် စိတ်ဆိုးချင်သည်။

“ ဟင်ပြန်‌တော့မှာလား ညဉ့်နက်နေပြီ ဒီမှာပဲအိပ်လိုက်တာ မဟုတ်ဘူး”

သိပ်ချစ် သည်ဝတ်မှုံကို အရေးမလုပ်လျက် ဂျွန်ကို ညအိပ်ဖို့ပင်ပြောနေသည်။

“ မအိပ်တော့ဘူးလေ အိမ်မှာ အလုပ်တွေ ရှိသေးလို့ပါကွာ ကဲ ဒီက ညီမလေး ကိုကြီးသွားပြီနော်၊ သိပ်ချစ် သူငယ်ချင်းဆိုတော့ ကျွန်တော့် သူငယ်ချင်းပါပဲ ကဲ! သွားပြီနော်”

‌ဝတ်မှုံ ခေါင်းအသာလေးငြိမ့်ပြလိုက်သည်။ စိတ်နှလုံးတွေမှာတော့ ကြေကွဲနေပြီ။ သိပ်ချစ်မှာ အပြစ်မရှိသူပီပီ အနေအေးနိုင်လှသည်။

......................

“ ဘာသူငယ်ချင်းလဲ!! ဟမ်! ပြောလေ”

ဂျွန်ပြန်သွားတာနှင့်ပင် ဝတ်မှုံ ၏ဒေါသတို့ သိပ်ချစ်အပေါ် ကျရောက်တော့သည်။ မြိုသိပ်လာခဲ့တဲ့ ခံစားချက်တွေဟာ ဒီညတော့ ပေါက်ကွဲတော့မည် ထင်ပါရဲ့။

“.....”

“မင်းအဲ့လို ဘာမှမပြောပဲ မနေစမ်းနဲ့! တို့မေးနေတာဖြေ တို့က မင်းသူငယ်ချင်းလားလို့!အဟင့်”

ဒေါသတို့နှင့်အတူ မျက်ဝန်းထက်မှကြေကွဲမျက်ရည်‌တို့ကို မချုပ်တည်းနိုင်တော့ပါ။ ဘာတစ်ခွန်းမျှမပြောတဲ့ သိပ်ချစ်ကို ဝတ်မှုံ ပိုလို့တောင် ဒေါသထွက်သွားသည်။

"အချစ်တဲ့လား"Where stories live. Discover now