Part 6

972 39 0
                                    

စေ့စပ်ပွဲလည်း မရှိတော့ဘူးဆိုတော့ သိပ်ချစ်နေသာထိုင်သာ ရှိသွားသည်။ ပြင်ဦးလွင် က ခြံတွေဆီသွားရောက်လုပ်ကိုင်ဖို့တော့ နောက်လ ဖြစ်ဖို့များသည်။ ဒီကြားထဲမှာတော့ မိငယ်တို့ ရှိတဲ့ရွာကိုနောက်ဆုံးတစ်ခေါက် အလည်သွားဖို့ ဆုံးဖြတ်ထားသည်။ ပြီးတော့ ..........

............................................

" ဟယ် သိပ်ချစ်ရယ်၊ နင်လာမယ်ဆို ကြိုပြော ရောပေါ့ "

"နင်တို့ကို အံ့ဩ သွားအောင် လုပ်တာလေ "

"သိပ်ချစ် ဒီညနေလေ မိုးဟိဏ်းတို့ကိုခေါ်ထားတယ် သိလား ဝိုင်းရှိတယ်၊ ဝိုင်း ဟီး"

သိပ်ချစ် ဒီကို မရောက်တာ ၈လတောင် ရှိခဲ့ပြီ။ မိငယ်တို့ ရဲ့ ဆောက်လက်စ ဆေးရုံကြီးဟာလည်း ပြီးလုနီးနေပါရောလား။ ဒါ့ထက် ဒီကောင်မလေးတွေ ပြောတဲ့ ဝိုင်းဆိုတာဘာများပါလိမ့်၊ ရွာမှာပွဲရှိလို့များလား။

"နေပါအုံး ..ဘာဝိုင်းလဲဟ" သိပ်ချစ်နားမလည်စွာ ပြန်မေးသည်။

"ဒီညနေ သူကြီး သမီး ဝတ်မှုံ စေ့စပ်ပွဲလုပ်မှာလေ နင်လာတာနဲ့ အတော်ပဲ တို့အဖွဲ့ ဆုံသွားတာပေါ့"

"...... "

သူစေ့စပ်တော့မှာတဲ့လား။ ကောင်းပါတယ်လေ တစ်ချို့အရာတွေဟာ မေ့ပစ်ဖို့ကောင်းပါတယ်ကျွန်မပဲအတွေးတွေလွန်နေခဲ့တာ။

"ဟဲ့ သိပ်ချစ်!"

"အမေ့! လန့်တာ လွယ်လင်ရယ်"

"နင်က ဘာတွေ တွေးနေလို့ ငါတို့ခေါ်နေတာ မကြားတာတုန်းဟဲ့"

"ဘာမှ မတွေးပါဘူးဟ၊ မ ဝတ်မှုံက ချစ်သူရှိနေခဲ့တာလား လွယ်လင် "

"မဟုတ်ဘူး သူ့အဘ တို့စီစဉ်ပေးတာတဲ့"

"ဪ..."

............................................

ညနေရောက်တော့ မိုးဟိဏ်းနဲ့ နေနိုင်က လာခေါ်သည်။ သူကြီးအိမ်မှာ လူတွေ စုဝေးနေကြပြီမဟုတ်လား၊ တစ်ရွာလုံးရဲ့ ကွမ်းတောင်ကိုင် သူကြီးသမီး စေ့စပ်ပွဲဟာ သာမန် မင်္ဂလာ ပွဲတွေထက်တောင် စည်နေသေးသည်။

"လာပါ.. သိပ်ချစ်ရယ် တစ်ခါတစ်လေ ဆုံတာလေးကို၊ သွားရအောင်နော်"

"အချစ်တဲ့လား"Where stories live. Discover now