Part 8

1K 45 0
                                    

ဧည့်ခန်းထဲတွင် လူစုံနေသည်။ သိပ်ချစ်မိဘတွေ ပြန်ရောက် နေကြသဖြင့် ဝတ်မှုံနှင့်အတူ စကားပြောနေကြလျက်ပင်။

“သမီး ဝတ်မှုံ ဘာမှစိတ်မပူနဲ့နော် အန်တီတို့က သမီးကို သမီးအရင်းလိုပဲ သဘောထားတယ် သိလား”

“ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အန်တီ ခုလိုသမီးကို လက်ခံပေးလို့ ”

သိပ်ချစ်၏မိခင်သည် သဘောအင်မတန်ကောင်းသည်။သိပ်ချစ်၏ ဖြစ်တည်မှုမှန်သမျှကိုလဲ အားပေးထောက်ခံသည်။ တစ်ဦးတည်းသော သမီးမဟုတ်ပါလား၊ သိပ်ချစ်အလွန် ကံကောင်းပါသည်။

“ဆို  သမီး မိဘ‌ တွေတော့ စိတ်ပူနေမှာ ၊သမီးဒီမှာရှိနေတာ သူတို့ မသိ‌ သေးဘူးမဟုတ်လား ”

သိပ်ချစ်၏ဖခင် ဦးချစ်ထွန်းမှ စကားစလိုက်သဖြင့်

“ သမီး အကြောင်းကြားထားပြီးပါပြီ အန်ကယ်”

“ဟင်! တကယ်?”

ဒီတစ်ခါ အံ့ဩသူမှာ သိပ်ချစ်ပင်။ ဒါဆို မဝတ်မှုံက သိပ်ချစ်နဲ့ အတူရှိနေတာ ဘကြီးတို့သိပြီပေါ့။ သိပ်ချစ် အနည်းငယ် တုန်လှုပ်သွားသည်။ ရှေ့ဆက်ဘာတွေများ ဆက်ရင်ဆိုင်ရအုံးမည်နည်း။

“‌ အေးကွယ် မိဘတွေကတော့စိတ်ပူမြဲပါပဲ၊ ဒါထက် ဒီကိစ္စနဲ့ပတ်သက်လို့သမီးဝတ်မှုံရဲ့ မိဘတွေသဘောထားကရော”

ဦးချစ်ထွန်းစကားကြောင့် ဝတ်မှုံမျက်နှာလေးညိုးငယ်သွားသည်။ ကျလုဆဲဆဲ မျက်ရည်တွေကို ထိန်းရင်း...

“အဘ ကပြောတယ် ပြန်မလာနဲ့တော့နဲ့”

“အိုးကွယ်”

ဒေါ်မိညိုထိုသို့ပြောပြီး ချွေးမလောင်းလေးအား အသာအယာဖက်ကာ အားပေးရတော့သည်။

“သမီးအ‌ဘက စိတ်ဆိုးနေတုန်းမို့ဖြစ်မှာပါ ၊ သူပြန်လက်မခံလဲ ဒီမှာပဲ အန်တီတို့နဲ့ တစ်သက်လုံး‌ နေပေါ့”

ထိုသို့ပြောပြီး ဒေါ်မိညိုသည် မိမိ သမီးဖြစ်သူအားကြည့်ကာ...

“သိပ်ချစ် မင်းမှာတာဝန်အပြည့်ရှိတယ်နော်”

“ဟင်! သမီးနဲ့ ဘာဆိုင်တာမှတ်လို့”
သိပ်ချစ် အစ်မ ဝတ်မှုံကို စချင်သဖြင့် ထိုသို့ပြောလိုက်ပေမဲ့ ထိုစကားကို ဦးချစ်ထွန်းက မနှစ်မြို့ပေ။ သူကိုယ်တိုင်ပင် ‌သိပ်ချစ်မေမေကို မိဘတွေသဘောမတူသည့်ကြားက ခိုးပြေးခဲ့ရသည်မဟုတ်လား။ အဲ့ဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဦးချစ်ထွန်း အကုန်ခံစားဖူးသည်မို့ သမီးလေးကို ထပ်မံ ဆုံးမရပြန်သည်။

"အချစ်တဲ့လား"Where stories live. Discover now