007

308 50 5
                                    

ချွမ်ရွေ့ဒုတိယအကြိမ်မြောက်ထွက်သွားပြီးခဲ့တဲ့ သုံးနှစ်အတွင်း ထယ်ရယ့်အတွက်မေ့ပျောက်ပြီးရှေ့ဆက်လို့ရနိုင်မယ်ထင်သမျှ အရာတွေအမှန်သမျှ လုပ်ကြည့်ခဲ့တယ်။ အရာရာတိုင်းကိုကုစားပေးနိုင်ဖို့အတွက် အချိန်ပဲလိုအပ်တယ်ဆိုတဲ့ စကားအတိုင်း ရခဲ့တဲ့ဒဏ်ရာတွေကို အချိန်ကပဲနောက်တစ်ဖန်ပြန်ကုသပေးနိုင်ခဲ့တယ်ဆိုပေမဲ့ အမာရွတ်တွေကိုတော့ အရှင်းပျောက်မသွားစေဘူး။

ဒုတိယအကြိမ် ခွဲခွာပြီး ဒီနေ့နဲ့ဆိုရင် သုံးနှစ်အတွင်းမှာ အသစ်စတင်ခဲ့တဲ့ relationship တွေကို ကောင်းမွန်စွာ မတည်ဆောက်နိုင်ခြင်းဟာ ချွမ်ရွေ့ပေးခဲ့တဲ့စိတ်ဒဏ်ရာတွေရဲ့ အကျိုးဆက်ဆိုရင်လဲ မမှားနိုင်ဘူး။ သဘောကျလာမယ်လိမ့်မယ်အထင်နဲ့စမ်းသပ် စတင်ခဲ့တဲ့ ဆက်ဆံရေးတိုင်းဟာ လမ်းခွဲခြင်းနဲ့ပဲအဆုံးသတ်သွားရတယ်။ ချွမ်ရွေ့ကိုပေးလိုက်လို့ကုန်ဆုံးသွားတဲ့ အချစ်တွေဟာ နောက်ထပ် ဘဝထဲကိုအသစ်ဝင်လာသူတွေအတွက် ဘာမှထပ်ပေးစရာမကျန်တော့သလိုမျိုး။

.flash back end.

mini barလေးရဲ့ ထောင့်စွန်းဝိုင်းက ချွမ်ရွေ့နောက်ဆုံးထိုင်သွားခဲ့တဲ့ နေရာလေးကိုကြည့်ရင်း အတွေးထဲလွင့်မျောနေရာက အစ်ကိုဟန်ဘင်း ရဲ့ ပခုံးတစ်ဖက်ကိုလှုပ်ပြီး ခေါ်လိုက်တဲ့အသံကြောင့် ပစ္စုပ္ပန်ကာလ ကို ပြန်လည်ရောက်ရှိလာရတယ်။

"ထယ်ရယ်....မက်သျူးပြောတာကြားလိုက်လား
သဘက်ခါလဲ ဆုံမယ်တဲ့"

ထိုစကားကိုကြားတော့ ထယ်ရယ့်စိတ်ထဲ ရုတ်တရက် ခေါင်းထဲပေါ်လာတဲ့အကြောင်းရာတစ်ခု ကိုနှုတ်မှထုတ်ပြောမိသည်။
"ကျွန်တော် မလာဖြစ်လောက်ဘူး"

ထယ်ရယ်က ငြင်းဆိုလိုက်တော့ အားလုံးရဲ့မျက်နှာထက်မှာ အကြောင်းရင်းကိုသိခြင်းနေကြောင်းအထင်းသားဖော်ပြနေတာမို့ ထယ်ရယ်ဆက်ပြောလိုက်တယ်
"ခရီးသွားမလို့"

ရုတ်တရက်ခေါင်းထဲဝင်လာတဲ့အတွေးဆိုပေမဲ့၊ ရှေ့ရှက်တွေကတည်းက မကြာခဏ စဉ်းစားမိနေတာဆိုရင်လဲ မမှား။ calligrapher ပေါက်စ ဖြစ်ခါစဆိုတော့ ဝင်ငွေက မျှော်လင့်သလောက်မများပြာသေးတဲ့အချိန်မှာ မေမေ့ကော်ဖီဆိုင်လေးမှာပဲ cashier အဖြစ်ဝင်ကူပေး နေရတာကတစ်ကြောင်း၊ ရည်းစားရှိနေစဉ်ကာလမို့ ကိုယ့်ကိုယ်ပိုင်အချိန်တွေကို တစ်ပါးသူအတွက်ခွဲထားပေးရတာကတစ်ကြောင်း ခရီးသွားပြီး အနားယူပစ်ချင်ခဲ့တဲ့စိတ်တွေကို ချုပ်တည်းထားရတာတော့အတော်ကြာပြီ။

Let's Not Fall in LoveWhere stories live. Discover now