012

290 50 5
                                    

'စနေ့နေ့ညနေသုံးနာရီ ဟုန်ဒယ်ဘူတာ နားမှာ တွေ့မယ် ဓာတ်ပုံရိုက်ကွင်းစဖို့'

ညအိပ်ခါနီးမှ ဖုန်းထဲဝင်လာတဲ့ ချွမ်ရွေ့ဆီက smsကြောင့် ထယ်ရယ် ရေးနေလက်စ calligraphy cardလေးတွေပေါ်က မှင်တံကို ချလိုက်ပြီး ချက်ချင်းပဲစာပြန်လိုက်တယ်။
'ကောင်းပြီ...'

ထယ်ရယ့်ဆီက ပြန်ဝင်လာတဲ့ ခပ်ပြတ်ပြတ် စာလုံးနှစ်လုံးက အစာအိမ်သက်သာလား မေးဖို့အတွက် ချွမ်ရွေ့ရိုက်နေလက်စ စာအရှည်ကြီးကို ချက်ချင်းပြန်ဖျက်ချလိုက်စေတယ်။ ပြီးတော့စိတ်ထဲကနေရေရွတ်လိုက်တယ် 'ကောင်းပြီ' ဆိုတာနဲ့တင်ပြီးသွားပြီလား?။ တကယ်ဆို ပို့လိုက်တဲ့စာကို ပြန်တုံ့ပြန်လာဖို့ရာ စကားလုံးကများများစားစားမရှိ သည့်တိုင် ချွမ်ရွေ့က ဘာတွေမျှော်လင့်နေမိတာလဲမသိဘူး။


ပါးပါးပြန်သွားပြီးကတည်းက တစ်ယောက်ထဲ ဘီယာဆက်သောက်ရင်း မတင်မကျဖြစ်နေတဲ့စိတ်အခြေနေကြောင့်နဲ့မို့ ထယ်ရယ့်ဆီ အလုပ်ကိုအကြောင်းပြုပြီး text msgပို့လိုက်တာ။ ပုံမှန်အတိုင်း ဖြတ်သန်း လည်ပတ်နေကျ ချွမ်ရွေ့အချိန်တွေကို အခုတစ်ညလုံးနီးပါး ထယ်ရယ် ဆိုတဲ့နာမည်တစ်လုံးနဲ့ စတင်တဲ့ အတွေးတွေကပဲ တောက်လျှောက်နေရာယူလွှမ်းမိုးနေတာမို့ စာချုပ်ချုပ်ပြီး ပြန်လာခဲ့ကတည်းက ချွမ်ရွေ့ စိတ်တွေ လွတ်နေပြီတောင်ထင်ရတယ်။

ညအတော်လေးနက်လာတော့ သောက်ထားတဲ့ ဘီယာတွေရဲ့ အရှိန်ကြောင့် အတော်လေးရီဝေဝေဖြစ်ပြီး မျက်လုံးတွေကလေးတွဲနေပြီ။ မူးလာရင် သူများတစ်ကာ ကို ဒုက္ခပေးခြင်းစိုးစဉ်းမရှိပဲ တိတ်တိတ်လေး အိပ်စက်သွားက ပင်လျှင် ချွမ်ရွေ့ အမူအကျင့်တွေထဲကမှ ကောင်းတဲ့အချက်လို့ပင်ဆိုရမလား။

~Let's Not Fall in Love~

တစ်ပတ်တာ ရဲ့ အချိန်တွေက ကုန်ဆုံးတာ မြန်ဆန်လွန်းသည်။ Julyလရဲ့ ကုန်ဆုံးခါနီး နေ့ရက်တွေဟာမိုးရွာတဲ့နေ့တွေက ပိုများပေမဲ့လဲ မိုးတိမ်မည်း တွေအနားယူ နေတဲ့ကြားဖြတ်ရက်တွေမှာတော့ သာယာသော ရာသီဥတုနဲ့အတူ တောက်ပတဲ့နေလုံးက ကောင်းကင်ပေါ်မှာ အစားထိုး နေရာယူထားပေးတယ်။

Let's Not Fall in LoveWhere stories live. Discover now