013

269 48 18
                                    

ထယ်ရယ့်မိဘတွေလဲ ချွန်နမ်က ပြန်မရောက်သေးတဲ့အပြင် မနေ့ကလဲ ဓာတ်ပုံရိုက်ကွင်းလိုက်သွားပေးရတော့ မေမေ့ကော်ဖီဆိုင်လေးကို တစ်ရက်လောက် ဝန်ထမ်းတွေနဲ့ ပစ်ထားခဲ့ရတာမို့ ဒီနေ့တော့ ထယ်ရယ်ကိုယ်တိုင် cashier မှာ ထိုင်ပြီး စောင့်ရင်း ကြီးကြပ်ပေးနေရတယ်။

ဒီနေ့ရာသီဥတုက နေသာပေမဲ့ မိုးမရွာဘူး။ အပြင်ဘက်မှာတော့ မိုးကအုံ့တုံ့တုံ့နဲ့ အေးစိမ့်စိမ့်လေပြေတွေကတိုက်ခတ်နေတာမို့ ညကျရင်တော့မိုးရွာမလားပဲ။ ဒီလိုအချိန်က ကော်ဖီပူပူလေးတစ်ခွက်နဲ့ စာအုပ်တစ်အုပ်ဖတ်ရင်း ဇိမ်ခံနေရမှာဆိုပေမဲ့ အခုတော့ ဆိုင်မှာထိုင်ပေးရင်း မိုးအုံ့တဲ့ရာသီဥတုမှာ ကော်ဖီဆိုင်ကိုလာchillကြတဲ့ သူများတွေကိုသာလိုက်ကြည့်ရင်း အားကျနေရတော့တယ်။

ရှေ့ကcustomerရှင်းသွားတဲ့ ငွေစာရင်းကို cashierမှာ ပြန်ကြည့်နေရင်း အပေါက်ဝက ဝင်လာတဲ့ဧည့်သည်ကို အသံဆာဆာနဲ့နှုတ်ဆက်လိုက်တယ်
"Cafe Oriမှ ကြိုဆိုပါတယ်....
လူကြီးမင်း ဘာများသုံးဆောင်ချင်လဲမသိဘူး"

cashierကို အပ်ထားတဲ့ မျက်လုံးတွေကို ကောင်တာရှေ့က ဧည့်သည်ဆီ လွှဲကြည့်လိုက်မိတော့ နေ့ခင်းကြောင်တောင် မိုးအုံ့နေတဲ့ကြားက နေကာမျက်မှန်တစ်လက်ကို ကျကျနနတပ်ဆင်ထားတဲ့ shirt အင်္ကျီအမဲရောင်နဲ့လူ။
"မင်းက ဒီကို ဘာလာလုပ်တာလဲ"

"ကော်ဖီသောက်ချင်လို့ပေါ့
ဘာလဲ....ငါကကော်ဖီတောင်မသောက်ရတော့ဘူးလား"

ချွမ်ရွေ့ကပါးစပ်ဟလိုက်တာနဲ့ထယ်ရယ်နဲ့ရန်ဖြစ်ဖို့များပြင်ထားသလား အောက်မေ့ရတယ်။
"ဒီလောက်အပြင်မှာမိုးအုံ့နေတာကို
နေကာမျက်မှန်ကြီးက ဘာလုပ်တာလဲ"

"ငါမျက်စိနာနေလို့
ပြီးတော့ ခုနက စာအုပ်တိုက်ဘက်သွားလိုက်သေးတယ်
CEOကင်မ်ကသဘက်ခါရိုက်ရမဲ့နေရာကို Hannok ဘက်ကိုထဲ့ပေးပါဆိုလို့ အဲ့တာလဲလာပြောရင်းနဲ့ coffeeဝင်သောက်တာ"

ချွမ်ရွေ့နဲ့CEO ကင်မ်ကထယ်ရယ်မပါပဲနှစ်ယောက်ထဲတွေ့ ကြတယ် ဆိုတာကြားလိုက်ရတော့ ထယ်ရယ့်ခင်ဗျာ လန့်ဖြန့်သွားတယ်၊ အချစ်ဦးရှိတာသိထားပြီးရင်တောင် ချွမ်ရွေ့ကအဲ့အချစ်ဦး ဆိုတာကိုတော့ ဂျီအွန်းလုံးဝသိမသွားစေချင်ဘူး။
"ချွမ်ရွေ့....မင်းCEOကင်မ်ကို ထူးဆန်းတာတွေပြောလိုက်သေးလား"

Let's Not Fall in LoveWhere stories live. Discover now