အတွေးထဲ လွင့်မျောနေတဲ့ စိတ်အစဉ်နဲ့အတူ ကော်ဖီဆိုင် ရဲ့ cashier ကောင်တာမှာ ထိုင်ရင်း ထယ်ရယ့်မျက်နှာက မှင်သေနေပြန်ရသည်။ မနက်နိုးကတည်း ချွမ်ရွေ့နဲ့ ဖုန်းတစ်ကောခေါ်ဆိုပြီးသည့်တိုင် ဘာမှထူးခြားချက်တော့ရှာမတွေ့သေး။ ခန္ဓာက ထိုင်ခုံပေါ်ငြိမ်ထိုင်နေသော်ငြား စိတ်က မီးသွေးမီးခဲတွေပေါ်ကို အထိုင်ချထားရသည့်နှယ် ရည်းစားပူမိနေလိုက်များ။ coffee ကောင်တာဆီ ကို ဧည့်သည်တော်တစ်ဦး လျှောက်ဝင်လာတာကို မြင်လိုက်ရချိန်မှ မျောလွင့်နေတဲ့ အတွေးတွေကို အသိစိတ်နှင့် ပြန်ကပ်ထားရင်းပင်
"cafe Oriမှကြိုဆိုပါတယ်"
ဆိုင်ကောင်တာရှေ့ရပ်တန့်နေတဲ့ ဧည်သည့်ဖြစ်သူမျက်နှာ ကို သေချာကြည့်လိုက်မှ မနေ့က ချွမ်ရွေ့ နဲ့တွေ့ဆုံခဲ့တဲ့ မိန်းကလေးဖြစ်ကြောင်း မှတ်ဉာဏ်ထဲ ထင်ထင်ရှားရှား ပေါ်လွင်လာတယ်။ ကော်ဖီသောက်ရုံသပ်သပ်လား၊ လာအကဲခတ်တာလား၊ သပ်သပ်ရည်ရွယ်ပြီးလာတာလား ခေါင်းထဲပေါ်လာတဲ့မေးခွန်းတွေက ရပ်တန့် သွားခြင်းမရှိသည့်တိုင် မိန်းကလေးဖြစ်သူက ယဉ်ကျေးသမှုပြုံးပြရင်း
"ဒီဆိုင်မှာ ကင်မ်ထယ်ရယ် ဆိုသူရှိလားမသိဘူး"
ရဲရဲတင်းတင်းပါလား၊ ထယ်ရယ့်နာမည်ကိုတောင်တည့်ထုတ်ပြီး မေးမြန်းလာတာ။
"ကျွန်တော်က ထယ်ရယ်ပါပဲ
ဘာကိစ္စရှိလို့ပါလဲ"မျက်နှာနဲ့နာမည်တွဲမြင်လိုက်ရချိန်မှာ မိန်းကလေးသဘောပေါက်သွားဟန်ဖြင့်
"အာ...စကားခဏပြောဖို့အချိန်ပေးနိုင်မလားဟင်"ကောင်းတာပေါ့၊ ထယ်ရယ်လဲ စကားပြောချင်နေတာနဲ့အတော်ပဲ။ ချွမ်ရွေ့နဲ့မပက်သတ်ဖို့ နောက်ဆုတ်ပေးဖို့များလာပြောတာလား၊ တခြားအကြောင်းကိစ္စတစ်ခုခုများလား ဘာမှမရေရာနိုင်အောင်ဖြစ်နေရသည်။ ဘာပဲဖြစ်ဖြစ် ပြောရင်းဆိုရင်း နဲ့မှ သိရမှာပဲ။ ထယ်ရယ် အချိန်ပေးစကားပြောဖို့ဆုံးဖြတ်လိုက်ပြီးချိန်မှာ ဆိုင် ရဲ့ လူရှင်းတဲ့ ဝိုင်းတစ်နေရာမှာ မျက်နှာချင်းဆိုင် နေယူရာထိုင်လိုက်ကြတော့သည်။
မိန်းကလေးက ထယ်ရယ့်မျက်နှာကို သေချာအကဲခတ်ကြည့်ရှုရင်းပင်၊
YOU ARE READING
Let's Not Fall in Love
Fanfiction'ချစ်ရသူကို ချစ်တယ်လို့ မပြောရဲတဲ့ကောင် ရာစုနှစ်တစ်ထောင်မှာ နေရစ်ခဲ့' တာရာမင်းဝေ(မီးတောက်ရစ်သမ်ကဗျာမှ)