009

285 50 3
                                    

ဖွင့်ပွဲပြီးလို့ အားလုံးသိမ်းဆည်းပြီး ပြန်ကြတဲ့ထိ ဂျီအွန်းမှာ မပြန်နိုင်။ အသစ်ဖွင့်ထားတဲ့ဆိုင်ခွဲဖြစ်တာမို့ လိုအပ်တာတွေ လိုက်လံကြည့်ရှုရင်း ဝန်ထမ်းအသစ်တွေကို မှာစရာ ရှိတာမှာနေရခြင်းကြောင့်ပင်။ ထိုအချိန်မှာပဲ အတွင်းရေးမှူးက အနက်ရောင်အဖုံးရဲ့အပေါ်မှာ ချည်ကြိုးလေးနဲ့ ထုပ်ထားတဲ့ မှတ်စုစာအုပ်လေးတစ်အုပ်ကို ဂျီအွန်းဆီကမ်းပေးလာပြီးနောက်
"ဆရာ...ဒါလေး ဟိုနားကpostcard ကမ်းတဲ့စားပွဲမှာ ကျန်နေခဲ့တာမို့
calligrapher ကင်မ်ထယ်ရယ်ဟာဖြစ်မယ်ထင်တယ်"

"ဟုတ်လောက်မယ် အဲ့နားကသူပဲထိုင်သွားတာဆိုတော့
ကျွန်တော့်ကိုပေးထားလိုက်ပါ"

အတွင်းရေးမှူဆီက နေ စာအုပ်လေးကိုလွှဲပြောင်းယူလိုက်တုန်း စာအုပ်ကြားထဲညှပ်ထားတဲ့ စက္ကူကတ်အပိုင်းအစလေးတွေဟာ ဖရိုဖရဲထွက်ကျလာရတာမို့ ပြန်ကောက်မလို့ ကြိုးစားချိန်မှာ မရည်ရွယ်ပါပဲ ဖတ်လိုက်မိတဲ့ စာသားတွေ၊ ထိုစာသားတွေကို ဂျီအွန်းမြင်ခဲ့ဖူးတယ်၊ မြင်ခဲ့ဖူးတာထက် ရာခိုင်နှုန်းပြည့်မှတ်မိနေရတဲ့ စာသားတွေဟာ Rae ရေးတင်လေ့ရှိတဲ့ အချစ်ဦးကိုသတိရခြင်း diaryထဲမှစာသားတွေ၊မဟုတ်မှလွဲရော....ပိုသေချာသွားအောင်လို့ notebookလေးဆီ ချည်ထားတဲ့ကြိုးကိုအလျင်အမြန်ဖြည်လိုက်ပြီး ဖွင့်ကြည့်မိတော့ ထိပ်ဆုံးစာမျက်နှာမှာရေးထားတဲ့ Raeဆိုတဲ့ နာမည်လေးဟာ ထယ်ရယ်instagram မှာ ရေးတင်လေ့ရှိတဲ့အတိုင်း ကမ္ဘာမှာတစ်ဦးတစ်ယောက်တည်းသာလျှင်ဖန်တီးလို့ရနိုင်တဲ့calligraphy font။

အတိုင်းအဆမသိနိုင်အောင်အံ့ဩမှင်သက်သွားရခြင်းနဲ့အတူ သုံးနှစ်လုံးလုံး သဘောတကျလေးစားခဲ့ရတဲ့ calligrapher Rae ဆိုတာက ဂျီအွန်း အတွက်သဘာဝကျတဲ့တွေ့ဆုံမှုနဲ့အတူ ဘဝထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ ရင်ခုန်စေရတဲ့ လူ။ ယုံကြည်ချင်စရာကောင်းတဲ့ ကံတရားရဲ့ တွန်းပို့မှုကြောင့် ဂျီအွန်းမှာ ထယ်ရယ့်အပေါ် ပိုပို သဘောကျပြီး ရင်ထဲရောက်လာဖို့ရာအပြင် တခြားမရှိနိုင်တော့။

~Let's Not Fall in Love~

ချွမ်ရွေ့နဲ့တွေ့ခဲ့ရတာမို့တစ်မနက်ခင်းလုံးကြည်လင်နေခဲ့တဲ့ စိတ်တွေဟာ ညနေခင်းရောက်မှ မှိုင်ကျသွားရတယ်။ ပြန်မတွေ့ခဲ့ရင်တောင် ပုံမှန်အတိုင်း တည်ရှိနေမဲ့ စိတ်ခံစားချက်တွေက၊ တစ်ခဏလေးပဲဖြစ်ဖြစ် ပြန်မြင်လိုက်ရချိန်မှာ ပိုသတိရပြီးတွေ့ချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာတာမို့ ထိန်းချုပ်ရတာ ခက်ခဲလှသည်။ထယ်ရယ်ပိုင်တဲ့စိတ်တွေပေမဲ့ ထယ်ရယ့်စိတ်တိုင်းကျဖြစ်မနေတာ ဟာ ပိုပြီး ပင်ပန်းရစေတယ်မဟုတ်လား။

Let's Not Fall in LoveWhere stories live. Discover now