011

302 48 10
                                    

ဒီနေ့တော့ မိုးလင်းကတည်းက ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး အိမ်ကထွက်လာပြီးနောက် စာအုပ်တိုက်ဆီကိုရောက်တော့ ခပ်တည်တည်နဲ့ခေါင်းမော့ရင်ကော့ ပြီး အထဲကိုဝင်သွားတဲ့ ထယ်ရယ့်မျက်နှာထားက တိုက်ပွဲဝင်ရမှာမို့ သတ္တိမွေးမြူထားတဲ့ တပ်သားတစ်ယောက်ရဲ့ပုံစံနှင့်ပင်ဆင်တူနေသည်။


သေချာစဉ်းစားဆုံးဖြတ်ခဲ့ပြီးစိတ်ကိုပြင်ဆင်ခဲ့တာမို့ ချွမ်ရွေ့နဲ့ မျက်နှာချင်းဆိုင် တွေ့ရင်လဲ တည်ငြိမ်စွာနဲ့ တုံ့ပြန်နိုင်လိမ့်မယ်လို့ ထယ်ရယ်ယုံကြည်မှုပြည့်ဝနေသော်ညား ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်တဲ့ လက်ချောင်းလေးက စိတ်လှုပ်ရှားမှုကြောင့်အနည်းငယ်ခန့်တော့တုန်ရီနေသည်ကိုမြင်ရတယ်။ အသက်ကိုရှုသွင်းရှုထုတ်ရင်း စိတ်ငြိမ်သွားအောင်ကြိုးစားပြီးမှ ဓာတ်လှေကားထဲ လိုက်ပါသွားတာတောင် digital နဲ့ အထပ်အမြင့်ကိုပြသထားတဲ့ ဂဏန်းလေးတွေက တစ်ဆချင်း တိုးလာတာနဲ့အမျှ ထယ်ရယ့်မှာ ဗိုက်အောင့်တာလိုလို ရင်တုန်တာလိုလို ခံစားနေရတုန်း။

ရောက်ရမဲ့အထပ်ရဲ့ ဓာတ်လှေကားတံခါးက ဖြည်းဖြည်းချင်းစီပွင့်သွားချိန် မျက်နှာချင်းဆိုင် တည့်တည့် တွင် တွေ့လိုက်ရတာက ပြုံးပြနေတဲ့ ချွမ်ရွေ့မျက်နှာ၊ ထိုအပြုံးကနွေးထွေးခြင်းလဲမဟုတ် ပျော်ရွှင်ခြင်းလဲမဟုတ်ပဲ ထွက်ပြေးလို့မရတော့တဲ့​ေ ကျာ့ကွင်းထဲကို သားကောင်က ဝင်ရောက်လာတာမို့ အောင်နိုင်သူမုဆိုးရဲ့အပြုံးမျိုး။ ထိုအပြုံးက ထယ်ရယ့်စိတ်ကို မသက်မသာ ဖြစ်စေသည်။ ဒီနေ့မှ shirtအင်္ကျီကို ကျကျနနဝတ်ဆင်ပြီး ငွေမှင်ရောင်ဆံပင်တွေကို နဖူးပေါ်အောင် သပ်ရပ်စွာဖြီးသင်ထားတဲ့ ချွမ်ရွေ့က ပိုကြည့်ကောင်းနေတယ်လို့ခံစားရပြန်တာမို့ လှုပ်ရှားရုန်းကန်းနေတဲ့စိတ်အစုံတို့ကြောင့် သိလိုက်မသိဘာသာနှင့်တံတွေးတစ်ချက်မြိုချမိသွားရသည်။

'ထယ်ရယ်ရေ ရှန်ချွမ်ရွေ့ကိုနှစ်တွေအကြာကြီး ရူးလောက်အောင်သဘောကျခဲ့ရတာမှန်ပေမဲ့ အခုပထမဆုံးရက်နဲ့တင် ဟိုကဘာမှလုပ်မပြရသေးဘူး၊ ပြန်ကြွေကျချင်နေလို့မဖြစ်ဘူးလေ'အတွေးထဲကနေကိုယ့်ကိုကိုယ်ပြန်သတိပေးဆုံးမနေမိရင်း စိတ်ငြိမ်သွားစေဖို့ အသက်ကိုမသိမသာလေး တစ်ဝရှုသွင်းလိုက်ပြီးနောက် ပြုံးပြနေတဲ့ချွမ်ရွေ့ကို ထယ်ရယ်ကလဲတစ်ဖန်တည်ငြိမ်စွာနဲ့ ပြန်ပြုံးပြလာတာမို့ သူ့ကိုတွေ့လိုက်တာတောင်အံ့ဩသွားခြင်းမရှိပဲ တည်ငြိမ်နေတဲ့ ထယ်ရယ့်ကိုကြည့်ရင်းရုတ်တရက်စိတ်ရှုပ်ထွေးသွားကြောင်း ကျုံ့ဝင်သွားတဲ့ ချွမ်ရွေ့ရဲ့ မျက်ခုံးနှစ်ဖက်ကပြသနေတယ်။

Let's Not Fall in LoveWhere stories live. Discover now