014

248 40 20
                                    

ဓာတ်ပုံရိုက်ရမဲ့ ဒုတိယမြောက်နေ့ရက်ကလဲ နေသာနေပြန်တာမို့ ထယ်ရယ်တို့ကံဆက်နေသလားထင်ရ။ မနက်ကတည်းက ပြင်ဆင်ပြီး ချွမ်ရွေ့လာခေါ်တာမို့ Hanok village ဘက်ကို ထွက်လာကြတာ။ဦးတည်ရာနေရာကိုမရောက်ခင် နန်းတွင်းဘက်ကိုသွားပြီး အပြင်ဘက် က တံတိုင်း နားမှာပေါက်နေတဲ့ Forsythia ပင်တန်းတွေဆီသွားပြီးဓာတ်ပုံရိုက်ဖို့ဆုံးဖြတ်လိုက်ကြတယ်။





 Forsythia ပန်းတွေက တစ်ပင်လုံးဝါထိန်နေအောင်ပွင့်တဲ့အပြင် မနေ့ကမိုးရွာထားပြီး ဒီနေ့နေသာတဲ့အရှိန်ကြောင့်မို့ အပင်ပေါ်မှာ ဝံ့ကြွားစွာနေရာယူထားတဲ့အဝါရောင်ပွင့်ချပ်တွေက ပုံမှန်ထက်စိုပြေလန်းဆန်းနေတဲ့အသွင်ကိုဆောင်တယ်။ လေတစ်ချက်ဝှေ့တိုက်လိုက်တာနဲ့ ကြွေကျလ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.








Forsythia ပန်းတွေက တစ်ပင်လုံးဝါထိန်နေအောင်ပွင့်တဲ့အပြင် မနေ့ကမိုးရွာထားပြီး ဒီနေ့နေသာတဲ့အရှိန်ကြောင့်မို့ အပင်ပေါ်မှာ ဝံ့ကြွားစွာနေရာယူထားတဲ့အဝါရောင်ပွင့်ချပ်တွေက ပုံမှန်ထက်စိုပြေလန်းဆန်းနေတဲ့အသွင်ကိုဆောင်တယ်။ လေတစ်ချက်ဝှေ့တိုက်လိုက်တာနဲ့ ကြွေကျလာတဲ့ပွင့်ချပ်တွေကြောင့်မို့ လမ်းမထက်မှာပါ ပျံ့နှံ့ခင်းကျဉ်းနေပုံကိုက ဆိုလ်းမြို့ရဲ့အလှတရားတစ်ခုလိုပင်။

ထယ်ရယ့်အတွေးကတော့ ပွင့်ဖတ်တွေ သစ်ရွက်တွေကို အမြဲအပင်ပေါ်မှာပဲ မယိမ်းယိုင်တည်ရှိနေစေချင်တာ။ဒါကြောင့်မို့ ဘေးကcameraကိုကိုင်ထားပြီးဓာတ်ပုံရိုက်ခြင်းကိုအာရုံစိုက်နေတဲ့ချွမ်ရွေ့နားကပ်ပြီး အပင်တွေပေါ်မော့ကြည့်ရင်းပြောလိုက်တယ်
"လေကမတရားဘူး"

ထူးထူးဆန်းဆန်းစကားကိုဆိုလာတဲ့ဘဲပေါက်ကိုချွမ်ရွေ့လှည့်ကြည့်ရင်း
"ဘာလို့လဲ"

"သူရောက်လာတိုင်း ပန်းတွေကကြွေကျပေးရတယ်လေ
အမြဲရှိနေလားဆိုလဲမရှိနေဘူး
ရောက်လာတယ် အငွေ့အသက်တစ်ခုနဲ့ဖြတ်တိုက်သွားတယ်
ပြီးရင်သူရောက်လာချင်တဲ့အချိန်ပြန်ရောက်လာပြန်တယ်
ဘယ်ချိန်လာလာ ပန်းတွေကကြွေကျပေးနေရတယ်ဆိုတာမတရားတာပဲလေ"

Let's Not Fall in LoveWhere stories live. Discover now