နွေဦးရဲ့ နေရောင်အောက်မှာ ပန်းခြံထဲက မြက်ခင်းစိမ်းစိမ်းပေါ် ပန်းနုရောင်ကွက်စိတ်အခင်းလေး ခင်းထားလျက်၊ ပေါင်မုန့်၊ ထမင်းလိပ်နဲ့ သစ်သီးအစုံအပြင် သောက်စရာအဖြစ် ဖန်ပုလင်းနဲ့ ထဲ့ယူလာတဲ့ လိမ္မော်ရည် အေးအေးလေး ကလဲ နေရာယူလို့။ သစ်ပင် သစ်ရွက်တွေကြားက ဟိုတစ်ကွက်ဒီတစ်ကွက် နေပျောက်လေးတွေက ထယ်ရယ့်ပေါင်ပေါ် ခေါင်းအုံး ပြီး လှဲအိပ်နေတဲ့ ချွမ်ရွေ့ မျက်နှာပေါ် ဖြာကျနေတယ်။
မျက်လုံးကိုခပ်ဖွဖွလေး မှိတ်ထားတဲ့ချွမ်ရွေ့ အတွက်တော့ အခုအချိန်တဒင်္ဂလေးက နွေဦးရဲ့ လေနုအေးလေးရယ်၊ အနားမှာရှိနေတဲ့ ချစ်သူရဲ့ အငွေ့အသက် ရယ်ကလွဲရင် အတိတ်ကော အနာဂတ်ကိုကော စဉ်းစားစရာမလိုတဲ့ နိဗ္ဗာန်ဘုံလေးပဲ။ လှဲအိပ်နေတဲ့ ချွမ်ရွေ့ မျက်နှာကို ထယ်ရယ်ငုံ့ကြည့်တော့ အပူအပင်ကင်းနေပုံရတဲ့ ပုံရိပ်တွေ ထင်ဟပ်နေတာမို့ ကျေနပ်စွာနှင့်ပင် ပါးချိုင့်လေးတွေခွက်ဝင်သွားအောင်ထိ သဘောကျ ရယ်ပြုံးမိတော့ မျက်လုံးပြန်ဖွင့်သေးခြင်းမရှိပဲ ချွမ်ရွေ့နှုတ်ဖျားကမေးမြန်းလာတယ်
"ဘာတွေ သဘောကျနေတာလဲ?"
"ဘာလဲ
မျက်လုံးမဖွင့်ပဲ မြင်နေရတာလား?"ထယ်ရယ်က အံ့ဩတဲ့ အမူယာနဲ့ မေးမြန်းလာတော့ ပြုံးစစလေးပြန်ဖြေလာတဲ့ချွမ်ရွေ့
"ခံစားမိတာ
ထယ်ရယ် ပြုံးနေတာကို မျက်လုံးဖွင့်မကြည့်ပဲတောင်ခံစားမိတယ်"ချွမ်ရွေ့နဖူးပေါ် လက်ဖျားထိပ်နဲ့ ခပ်ဖွဖွလေးတို့ထိလိုက်ရင်း
"အရူး!!"ထယ်ရယ့် စကားလုံးအဆုံးသတ်မှာ ၊ ချွမ်ရွေ့ က ပတ်ဝန်းကျင် မှာတိုက်ခတ်နေတဲ့ သန့်ရှင်းလေဆတ်တဲ့လေကို တစ်ဝ ရှုလိုက်တယ်၊ ပြီးနောက်ရုတ်ချည်း ထထိုင်လိုက်တော့ ချွမ်ရွေ့ ဘာဆက်လုပ်မလဲ ထယ်ရယ့်စောင့်ကြည့်နေမိသည်။
"ထယ်ရယ် မျက်စိမှိတ်"
"ဘာလဲ
ထပ်ပြီး ဘာအထူးအဆန်းတွေလဲ"ချွမ်ရွေ့က မျက်မှောင်ကျုံ့ပြီး စုတ်တစ်ချက်သတ်ပြလိုက်တော့ ထယ်ရယ်လဲ နှစ်ခါ ပြန်မမေးပဲ ချွမ်ရွေ့တောင်းဆိုတဲ့အတိုင်း မျက်စိမှိတ်ထားလိုက်တယ်။ ချွမ်ရွေ့က ဘောင်းဘီ အိတ်ကပ်ထဲက လေးထောင့်ပုံသဏ္ဌာန်ဘူးလေး ကို ဆွဲထုတ်လာပြီး အထဲက သေးငယ်တဲ့ အရာဝတ္ထုတစ်ခုကို ထယ်ရယ့်လက်ဖဝါးပေါ် တင်ပေးလိုက်တယ်။
YOU ARE READING
Let's Not Fall in Love
Fanfiction'ချစ်ရသူကို ချစ်တယ်လို့ မပြောရဲတဲ့ကောင် ရာစုနှစ်တစ်ထောင်မှာ နေရစ်ခဲ့' တာရာမင်းဝေ(မီးတောက်ရစ်သမ်ကဗျာမှ)