Episode One

5.8K 469 79
                                    


"Kim Jennie is South Korea's First Female News Anchor"

TV ဖန်သားပြင်ရဲ့အောက်ဆုံး၌ ထင်ရှားစွာပေါ်နေသော စာတန်းနဲ့အတူ အမျိုးသမီးတစ်ဦး၏ နှစ်လိုဖွယ် အပြုံးလှလှတွေကြောင့် ခြေလှမ်းတွေလည်း ရပ်တန့်သွားရသလို နှလုံးခုန်သံတွေလည်း ရပ်တန့်လုနီးနီးအထိ ဖြစ်သွားရတော့သည်။ တချိန်တုန်းက မကြားရ မနေနိုင်ခဲ့တဲ့ သာယာနာပျော်ဖွယ် အသံချိုချိုတွေသည် အခုများတော့ မျက်ရည်တွေ ဝဲတက်လာရသည်အထိ နာကျည်း မုန်းတီးမှုတွေဟာ အသွေးအသားထဲကနေ တရိပ်ရိပ်ပဲ။

"အလုပ်ချိန်မှာတောင် TV ကြည့်ရတဲ့အထိ အချိန်တွေက ပိုနေတာထင်တယ် !!"

"တောင်းပန်ပါတယ် အစ်မ။ အခုချက်ချင်းပိတ်လိုက်ပါ့မယ်"

"ပထမဆုံးနဲ့နောက်ဆုံးအကြိမ်ဖြစ်ပါစေ။ နောက်ဆို ငါ့ရှေ့မှာ ဘယ်တော့မှ TV မဖွင့်နဲ့ !!"

"ဟုတ်ကဲ့ အစ်မ"

အလုပ်ခန်းအတွင်း ပြန်ဝင်လာသည့်အခါ ထိုင်ခုံပေါ် အရုပ်ကြိုးပျက်သကဲ့သို့ ထိုင်ချလိုက်မိတော့သည်။ ရွှံ့စေးတွေဖြင့် ပေကျံနေလျက်ရှိသည့် လက်နှစ်ဖက်သည် လက်သီးကို ခပ်တင်းတင်းဆုပ်ထားမိသည့်အလျောက် လက်ဖဝါးထဲ ထိုးဖောက်ဝင်သွားရတဲ့ လက်သည်းထိပ်ဖျားတွေ။

ဒီတိုင်း ... နာတာကို နာတာနဲ့ပဲ ဖြေတက်ခဲ့ရုံပါ။ ဒီနည်းနဲ့ ကုစားရုံကလွဲပြီး ဆေးမတိုးနိုင်တော့တဲ့ နာတာရှည်ရောဂါသည်တစ်ယောက်ဖြစ်တာမို့ တုန်တုန်ရီရီဖြစ်နေတဲ့ လက်နှစ်ဖက်ကို အုတ်နံရံဆီ ထိုးသွင်းပစ်ဖို့ ကြံရွယ်လိုက်တိုင်း လက်သီးကိုသာ တင်းနေအောင် ဆုပ်ထားမိပြန်ပါတယ်။

"မနက်ဖြန်ပို့ရမယ့် ကြွေထည် အလုံး ၅၀ ကို အခြောက်ခံတဲ့ အခန်းထဲမှာ ထားပေးထားတယ်။ ပါကင်သေချာပိတ်ပြီးမှ ဖုန်းဆက်အကြောင်းကြားလိုက်ပါ။ ပွန်းရာ ပဲ့ရာ မဖြစ်စေနဲ့"

"ဟုတ်ကဲ့ပါ အစ်မ"

"ပြောစရာမရှိတော့ဘူးမို့ သွားလို့ရပြီ"

"ဟုတ်ကဲ့ အစ်မ"

ကျောလယ်လောက်ရှိသည့် အနက်ရောင်ဆံပင်ရှည်တွေကို ကလစ်ဖြင့် ညှပ်တင်၍ Apron ကို ဝတ်ဆင်ပြီးသည့်နောက် ချွေးသုတ်ရန်အတွက် Towel တစ်ထည်ကိုလည်း ပုခုံးထက်၌ တင်လိုက်မိသည်။

Hiraeth Where stories live. Discover now