Episode Fifteen

1.4K 283 29
                                    


"Dating show မှတ်နေတာ"

"Dating show တွေတောင် ဒီလောက်ထိ dating show မဆန်ပါဘူး"

"အိုးထိန်းသည်လေးကို ကြည့်နေတဲ့ Jennie Kim ရဲ့အကြည့်တွေထဲမှာ အချစ်တွေကြီးပဲ"

"ထိုင်းမလေးတွေနဲ့တွေ့ရင် ဘယ်သူမှ ကြာကြာတောင့်မခံနိုင်ဘူးလေ။ ငါတို့ရဲ့အချေမလေးလဲ အရည်ပျော်သွားပြီထင်တယ်"

စတဲ့ စတဲ့ မှတ်ချက်တွေဟာ Program ပြီးသွားသည်အထိ တောက်လျောက်တက်နေဆဲပင် ဖြစ်သည်။ တနေ့တနေ့ YouTube ထဲကနေ မထွက်ဖြစ်တော့တဲ့ ပရီယာ အဖြစ်ကလဲ ရယ်တော့ ရယ်ချင်စရာပင်။ အရှေ့အပိုင်းတွေကိုတော့ လုံးဝစိတ်မဝင်စားဘဲ မမနဲ့အတူတူ ရိုက်ဖြစ်ခဲ့တဲ့ နောက်အပိုင်းတွေကိုသာ ထပ်လဲလဲပြန်ကြည့်ပြီး comment တွေကအစ တခုမကျန် လိုက်ဖတ်နေသည်တဲ့လေ။

လူတွေပြောလဲပြောချင်စရာရယ်။ မမက အလုပ်လုပ်တဲ့ ပရီယာကိုပဲ ဘေးကနေ တချိန်လုံး ကြည့်နေခဲ့တာ။ အကြည့်တွေကအစ တကယ်ကို အချစ်တွေပြည့်နေတဲ့ မျက်ဝန်းတွေနဲ့လေ။ ဟိုးတချိန်တုန်းက ကြည့်ခဲ့ဖူးသလို မျက်ဝန်းညိုတွေနဲ့ပေါ့။ အတိတ်တွေကို ပြန်တွေးကြည့်ရင် ပရီယာ အများကြီး အချစ်ခံခဲ့ရတာ။ အဲ့တာကြောင့်လဲ အများကြီး နာကျင်ခဲ့ရတာ။ နောက်တကြိမ်ပြန်လက်ခံဖို့ ကြောက်ရသည်အထိ နာကျင်မှုတွေက အသွေးအသားထဲ စီးဆင်းနေတုန်းပဲ။

မမဘက်ကသာ ပြန်တွဲရအောင်လို့ ပြောလာခဲ့ရင် ပရီယာ ခေါင်းကိုက်ရတော့မှာ အသေအချာပင်။ ချစ်နေသေးပေမယ့် ပြန်တွဲဖို့အထိတော့ စိတ်လုံခြုံမှုတွေက ရှိမနေသေးပေ။ မမကို ကြောက်သည်။ ပထမတကြိမ်တုန်းကလို ထပ်လုပ်လာခဲ့ရင် ပရီယာ တကယ်သေသွားရတော့မှာ။

"အစ်မ ..."

"ဟင် ပြောလေ ..."

"Orders တွေအများကြီးတက်နေလို့ အဲ့တာ"

"အရင်တုန်းကအတိုင်းပဲ လက်ခံပါ။ ပိုပြီးတော့ လက်မခံနဲ့နော်"

"ဟုတ်ကဲ့။ ဒီတစ်ပတ်အတွက် orders list တွေကိုတော့ ထုံးစံအတိုင်းပဲ အစ်မရဲ့ mail ထဲ ပို့ထားပေးတယ်နော်"

Hiraeth Where stories live. Discover now