Episode Nine: The past

2.7K 314 46
                                    


"မမကို လွမ်းနာကျပြီး သေအောင်လုပ်နေတာလား ပရီယာ !!"

"အဲ့လိုမဟုတ်ပါဘူး မမရယ်"

"ဒါဆိုပြော လူကိုဘာလို့ နှစ်ရက်လုံးလုံး ပစ်ထားရတာလဲ။ အဆောင်ရှေ့မှာ စောင့်နေမှန်းသိနေရက်သားနဲ့ ဘာလို့ ထွက်မတွေ့ရတာလဲ။ ဘာလို့အဲ့လိုလုပ်တာလဲလို့ အရူးမလေးရဲ့"

လက်မောင်းသားတွေဆီ ကျရောက်လာတဲ့ မမရဲ့ လက်သီးဆုပ်လေးတွေ။ အပြုံးတွေနဲ့ ခံယူရင်းနဲ့ ထိုလက်လေးတွေကို ချုပ်ကိုင်လိုက်မိတော့သည်။

"လက်တွေနာကုန်မယ်လေ မမရဲ့"

"နာပါစေ ..."

"တကယ်တော့ ရှက်နေခဲ့လို့ပါ။ ပစ်ထားမိသလိုဖြစ်သွားလို့ ပရီယာ တောင်းပန်တယ်နော်။ နောက်ဘယ်တော့မှ ထပ်မဖြစ်စေရတော့ဘူး။ ကတိပေးတယ်"

"ဒါဆို အခုကျ မရှက်တော့ဘူးပေါ့"

"ဟုတ် မရှက်တော့ဘူး"

"ဒါဆို နမ်း ..."

"ဟင် ?"

"မမကို အခုနမ်းလို့ ..."

ပါးကိုနမ်းမယ် ဟန်ပြင်လိုက်ပေမယ့် နှုတ်ခမ်းတွေပေါ် ရောက်လာတဲ့ မမရဲ့လက်ချောင်းသွယ်တွေ။

"နှုတ်ခမ်းကို နမ်းခိုင်းတာ။ မွေးနေ့တုန်းက နမ်းခဲ့သလိုမျိုး"

မမရဲ့မျက်ရည်တွေဟာ ပရီယာရဲ့ အားနည်းချက်ဖြစ်လာခဲ့သလို မမရဲ့စကားတခွန်းသည်သာ တသွေမတိမ် လိုက်နာရမယ့် အမိန့်တခုလို ဖြစ်တည်မှုမျိုးပါပဲ။

တာဝန်ကိုယ်စီနဲ့ သွားလာလှုပ်ရှားနေကြတဲ့ လူတွေကိုလဲ အမှုမထားနိုင်တော့ပါဘူး။ မမရဲ့ပါးပြင်နှစ်ဖက်ကို လက်ဖဝါးထဲ တယုတယတည့်စေပြီး မျက်လုံးတွေကို ပြိုင်တူမှိတ်ချလိုက်ချိန်မှာတော့ ဒီကမ္ဘာထဲမှာ နှစ်ယောက်ထဲသာ ရှိနေခဲ့ရတဲ့ အာဒံနဲ့ ဧဝကို ကိုယ်ချင်းစာတက်ခဲ့ပြီ။

"ရွံ့စေးတွေ ကိုင်လွန်းလို့ လက်လေးတွေတောင် ကြမ်းနေပြီ။ ကြည့်ပါဦး အသားမာတွေတောင် တက်နေတာ"

Hiraeth Where stories live. Discover now