Episode Sixteen

1.8K 289 40
                                    

ကျောထောက်နောက်ခံမရှိတဲ့ဘဝမို့ ကျောင်းနေစဉ်ကာလအတွင်းမှာလည်း စစ်စတာ စိတ်မပျက်ရလေအောင် စာကိုသာ အားကြိုးမာန်တက် ကြိုးစားခဲ့ရပြီး အရွယ်တခုရောက်လာချိန်မှာလည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် စိတ်ကိုပြင်ဆင်ခဲ့ရသူမို့ သူများတွေထက် ပိုကြံ့ခိုင်ပြီး ရင့်ကျက်လာရသည်မှာလဲ တမူထူးတဲ့ ကောင်းကွက်သာဖြစ်သည်။ ထိုရင့်ကျက်မှုတွေကြောင့်ပဲ မမကို နားလည်ပေးနိုင်ခဲ့ပြီး ခွင့်လွှတ်နိုင်သည်အထိ စိတ်သဘောထား ကြီးတက်ခဲ့ရသည်။

တပါးသူအပေါ် အမှီသဟဲပြုပြီး နေထိုင်စရာမလိုအောင် စိတ်ဓာတ်မာကြောလွန်းသူ ဆိုသော်ငြား မမနဲ့သာဆိုရင်တော့ ပျော့ညံ့သွားရတာလဲ အမြဲလိုလိုပင်။ ရုပ်ပိုင်းဆိုင်ရာမှာတော့ မမသည်သာ အလျော့ပေးတက်သူဖြစ်ပြီး ပရီယာကတော့ အေးတိအေးစက်ဆန်စွာ ဆိုးနွဲ့တက်သူတစ်ယောက်ဖြစ်သည်။ စိတ်ဆိုး စိတ်ကောက်သည့်အခါ ဦးဆုံးချော့သူက အမြဲတမ်း မမပဲဖြစ်နေတက်တာမျိုးပေါ့။ အဲ့လိုအချိန်မှာ ပရီယာ တွေးနေခဲ့တာက စိတ်ဆိုးကြရတဲ့ အကြောင်းအရင်းသာဖြစ်ပြီး နောက်ထပ်မဖြစ်အောင် ကာကွယ်နေထိုင်ဖို့ နည်းလမ်းသာဖြစ်သည်။

ပရီယာဘက်က တိတ်တဆိတ်နဲ့အတွေးများနေချိန်မှာ မမကတော့ ချော့လိုက်ရင် ရတာပဲဆိုတဲ့ အတွေးလေးနဲ့ ချော့နှင့်နေခဲ့ပြီ။ မမသည် စိတ်မြန်သူတစ်ယောက် ဖြစ်သည့်တိုင်အောင် လက်တွေ့ဆန်ပြီး ပရီယာကတော့ အတွေးသမားဖြစ်သည့်အတွက် ရှေ့ရေးကိုသာ အဓိကထားသူဖြစ်သည်။ ပရီယာသည် ဖြစ်လာနိုင်ခြေရှိတာကို တွေးပူတက်သူဖြစ်ပြီး မမကတော့ ဖြစ်သင့်တာကိုသာ အခုချက်ချင်းဖြစ်အောင်လုပ်တက်သူဖြစ်သည်။ ပရီယာတို့နှစ်ယောက်ဟာ အဲ့လိုမျိုး မတူညီမှုတွေ စုနေပြီး ရူးရူးနှမ်းနှမ်း ချစ်ခဲ့ကြဖူးသူတွေသာ ဖြစ်သည်။

အချစ်သည် ထိုသူနဲ့မှ ဒီလူနဲ့မှ ဆိုပြီး ရွေးချယ်ပိုင်ခွင့်မရှိ။ ထို့ကြောင့် ကိုယ်နဲ့ တစက်ကလေးမှ type မတူသည့် မမကိုမှ ချစ်ခဲ့မိပြီး နှလုံးသားသည် ဦးနှောက်ထက် အရွယ်အစားပိုသွားသည့်အခါ လိင်တူ မိန်းကလေးတစ်ယောက်မှန်း သိနေသည့်တိုင်အောင် ဘဝလက်ဖော်ဟု ဆုံးဖြတ်ခဲ့မိသည်အထိ မမအပေါ် ပရီယာ လေးနက်ခဲ့ဖူးပါသည်။

Hiraeth Where stories live. Discover now