Episode Eight: The past

1.8K 304 44
                                    


"ဘာလို့ မမကိုရှောင်နေတာလဲ"

"မရှောင်မိပါဘူး"

လက်ရဲဇက်ရဲသိပ်နိုင်လွန်းတဲ့ မမကြောင့် တခါတလေများဆို အရှက်သည်းရလွန်းလို့ အငွေ့တောင်ပျံသွားချင်မိသည်။

"မျက်လုံးကိုကြည့်ပြီး ဖြေ"

မေးစေ့ကနေ ဆက်ခနဲ ဆွဲကိုင်လာတဲ့ မမရဲ့ လက်ချောင်းတွေ။ ရင်တွေတုန်လာလိုက်တာ လက်ဖျားတွေပါ အေးစက်ရသည်အထိ။

ထမင်းစားနားချိန်မို့ စာသင်ခန်းထဲထိ လာခေါ်တဲ့ မမကြောင့်လဲ အခန်းဖော်တွေက ပြုံးစိစိနဲ့ ကြည့်ကြပြန်တယ်။

အတူတူထိုင်နေကြနေရာလေးဖြစ်တဲ့ စာသင်ဆောင်နှစ်ခုကြားက သစ်ပင်လေးရဲ့အောက်မှာ သစ်သားခုံတန်းလျားလေး တခုရှိပြီး ဒီနေရာလေးဟာ သီးသန့်တွေ့နေကြ နေရာလေးတခုလိုပင်။

"လွန်ခဲ့တဲ့ရက်တုန်းက နမ်းလိုက်တဲ့ကိစ္စကြောင့် မမကို ရှောင်နေလား"

"ဟင့်အင်း ..."

နောက်ထပ်တစ်ခါတဲ့ !!
မမက ပါးကိုနောက်ထပ်တစ်ခါ ထပ်နမ်းလာတာ။

မျက်လုံးအပြူးသားနဲ့ ငေးကြည့်နေတုန်းမှာပဲ ပါးပြင်ပေါ် ဒုတိယအကြိမ်မြောက် ကျရောက်လာပြန်တဲ့ မမရဲ့နှုတ်ခမ်းသားတွေ။

"မမ !!"

"စိတ်ဆိုးသွားလား ..."

နီးကပ်နေတဲ့ မျက်နှာကြား အကွာအဝေးမှာ လေသံတိုးတိုးနဲ့ မေးလာတဲ့ ဒီစကားသံကို ဘယ်လိုအင်အားတွေနဲ့ ငြင်းဆန်ရပါ့မလဲ။ သူ သိပ်ဆိုးတယ်။

"ဟင့်အင်း ..."

"အဲ့တာဆိုရပြီ။ နောက်ဆို ခဏခဏနမ်းတော့မှာမို့"

"မမနော် ..."

တနေ့တာရဲ့ အဆုံးသတ်ဖြစ်တဲ့ ညနေ အိမ်ပြန်ချိန်တွေတိုင်း မေဘယ်လ်ဆောင်ရှေ့ ရောက်လာတဲ့အခါ ပုံမှန်ထက်ပိုပြီး ရင်တွေခုန်ရသည်။ ပါးပြင်ပေါ် ရောက်ရောက်လာတက်တဲ့ မမရဲ့နှုတ်ဆက်အနမ်းတွေကြောင့်လေ။

တခါတလေများဆို ပန်းပင်တွေရေလောင်းနေတဲ့ စစ်စတာရှိတဲ့အခါ မမရဲ့မျက်နှာက ရယ်ချင်စရာပဲ။

Hiraeth Where stories live. Discover now