Episode Fourteen

1.9K 314 43
                                    


သတင်းကြေညာသူတစ်ယောက်ဖြစ်သော်ငြား ကင်မရာမီးတွေရှေ့၌ နေထိုင်ရခြင်းသည် မိမိအတွက် ဒုတိယအိမ်လိုမျိုးဖြစ်နေခဲ့ရပြီး ထိုနေထိုင်မှုအပေါ် နေသားကျနေသူ တစ်ယောက်ဖြစ်ခဲ့ရပေမယ့် ယခုအခါ ခံစားချက်ကတော့ မတူညီနေ။

အလုပ်ချိန်အတွင်း တစ်စုံတစ်ယောက်ကို ခိုးကြည့်ရတဲ့ ခပ်လွင်လွင် ခံစားချက်။ ထိုသူနှင့် အကြည့်ချင်းဆုံသည့်အခါ လှိုက်လှိုက်လှဲလှဲ ပြုံးပြရသည့် နုနုပျိုပျို ခံစားချက်။ လူအလစ်မှာ သူ့ထံပါး ကြည်စယ်ရသည့် သဘောခွေ့စရာ ခံစားချက်။

လူတစ်ယောက်ရဲ့တနေ့တာတွေမှာ တကြိမ်တခါလောက်ပဲဖြစ်ဖြစ် စိတ်လိုလက်ရ ပြုံးရယ်သင့်ပြီး ထိုပြုံးရယ်ခြင်းအပေါ် တအုံတနွေး ခံစားချက်တွေနဲ့ ရင်ထဲနွေးရတယ်ဆို ဖြတ်သန်းရကျိုး နပ်စေတယ်မဟုတ်ပါလား။ ဖြစ်နိုင်မယ်ဆိုရင် ဒီအစီအစဉ်ကို အပိုင်း ၁၀၀ လောက်ထိ ဆွဲဆန့်ထားချင်မိသည်။ သို့သော် Jennie အပေါ် ခပ်တန်းတန်းသာ ပြောဆိုဆက်ဆံလေ့ရှိတဲ့ ပရီယာ့ရဲ့စိတ်အတွင်းမှာလဲ နေရခက်မှု တစုံတရာများ ရှိနေလေမလားဆိုတဲ့ အသိတရားက စည်းတခုလို ခြားနားစေခဲ့ပြန်သည်။

တချို့သော စည်းတွေဟာ မကျူးကျော်ရလို့ ခေါင်းစဉ် တပ်မထားရုံတမယ်ပင်။ သွေးအေးလွန်းသည့် ပရီယာ့ရဲ့ အသွင်အပြင်ဟာ လူကို ခန့်မှန်းရ ခက်စေခဲ့သည်။ သို့သော် အပြစ်ဆိုနိုင်ဖွယ်ရာမရှိ။ ကြည်လင်ပြုံးရွှင်နေသည့် သူ့မျက်နှာသည် တနေ့တာ၏ ခွန်အားတခုဖြစ်စေခဲ့သလို အသံသာသာသည်လည်းဘဲ အသက်ဓာတ်တခုဖြစ်ခဲ့ရသည်။

"Jennie ..."

ပုခုံးသွယ်သွယ်အား လက်ဖြင့်ပုတ်လိုက်တဲ့ အထိအတွေ့ကြောင့် Jennie အနောက်ဘက်ကို အလန့်တကြား လှည့်ကြည့်မိရသည်။ ပရီယာ့ထံ ရောက်နေတဲ့ အာရုံလှလှတွေက အခုတော့ ထွေပြားခဲ့ရပြီ။

"ဘယ်ကိုလာတာလဲ အကို ..."

"ဒီနားကို ခဏလာရင်းနဲ့ Jennie ကို ဝင်တွေ့တာ ..."

ပုခုံးဖျားမှ ထိုအမျိုးသား၏ လက်ကြောင့် ကိုယ်ကို ကျုံ့ကာ အနောက်ဆုတ်လိုက်မိသည်။ ထိုအခါ အားနာဟန်ဖြင့် လက်ကိုအလိုက်တသိ ဖယ်ရှားသွားတာကြောင့် သက်တောင့်သက်သာဖြစ်စေရန် အပြုံးစတခု စွန့်ကြဲပေးရ၏။

Hiraeth Donde viven las historias. Descúbrelo ahora