Jeon အိမ်တော်သို့ ဘယ်လို ပြန်ရောက်လာမှန်းပင် Seokjin မသိတော့... စကားတစ်ခွန်းမှ မပြောနိုင်တော့သောသူ့ကို ကိုကိုကြီးက အိပ်ခန်းရှေ့ထိ တွဲလာရသည်ကိုသာ မှတ်မိလိုက်သည်...
အကြိမ်ကြိမ်ထိခိုက်ရလွန်းလို့လဲ သူ့ရင်ဘတ်က အကောင်းမှမကျန်တော့ပဲ...
ကျစရာမျက်ရည်တောင် မရှိတော့သောကြောင့် မျက်လုံးအကြောင်သားနှင့်သာ အိပ်ယာထက်တွင် သူလှဲနေမိသည်...
ငါ Jungkookနဲ့ ဝေးရာကိုထွက်သွားမှပဲ ခုလိုခံစားရတာတွေ သက်သာမှာပါ...
သူ ရုတ်တရက်အိပ်ယာထက်မှ ငေါက်ခနဲထကာ အ၀တ်စားတချို့ကို Luggageထဲ ထည့်နေမိသည်...
ဟုတ်တယ် သူ့ကိုမမြင်ရရင်၊ သူ့အသံမကြားရရင် ငါ အသက်ရှင်နေနိုင်ကောင်းပါရဲ့...
Seokjin အရူးတစ်ယောက်လိုပင် နှုတ်မှတတွတ်တွတ်ရွတ်နေကာ အ၀တ်များကိုလုံးထွေးထည့်နေမိသည်...
ထို့နောက် Luggage ကို အသံမကြားအောင်ဆွဲကာ အိပ်ခန်းထဲမှ ထွက်လိုက်သည်... မျက်နှာချင်းဆိုင်ရှိ Jungkook တို့၏အခန်းကိုတော့ ယောင်လို့တောင် မကြည့်မိချေ...
Luggageကို မနိုင်မနင်းဆွဲကာ သူ အိမ်လှေခါးအောက်ကိုဆင်းလာရင်း အိမ်အောက်ထပ်တွင် လူရှိမရှိကြည့်လိုက်သည်...
ညဥ့်နက်နေပီမို့ အကုန်လုံးအိပ်နေကြသည့်အပြင် တိတ်ဆိတ်မှုက ဒီညမှာ ထူးထူးခြားခြားပိုကြီးစိုးနေ...
သူ အိမ်တံခါးမကြီးကို အသံမကြားအောင်ဖွင့်ကာ အသာထွက်လိုက်သည်... အိမ်ပြင်ရောက်မှ အသက်၀၀ရှူကာ Luggageကို သမံတလင်းပေါ် ချပီး ဆွဲလာရင်း Jeon အိမ်တော်၏ အရှေ့တံခါးဂိတ်၀နား ရောက်လာသည်...
အနောက်ကို တချက်လေးတောင် လှည့်မကြည့်တော့ပဲ သူ လူ၀င်ပေါက်တံခါးသေးသေးကိုဖွင့်ကာ ထွက်ရန်ပြင်တော့ သူ့လက်ကောက်၀တ်ကို လာဆုပ်ကိုင်သောအထိအတွေ့ကြောင့် အရမ်းလန့်သွားရသည်...
ရုန်းကန်ရင်းအော်မည်ပြင်သော သူ့နှုတ်ခမ်းကို လက်ဖြင့်ပိတ်ကာ အနီးကခြုံများကြားဆွဲသွင်းလိုက်သူက ...
"မအော်နဲ့.. ငါ Jeon Jungkook"
လရောင်မလင်းတလင်းအောက်တွင် ညအိပ်၀တ်စုံနှင့် Jungkook...
YOU ARE READING
Jeon's Angelic Omega
FanfictionSeokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]