Pt.30

1.6K 260 459
                                    

အခန်းတွင်းသို့၀င်လာသည့် အလင်းရောင်တချို့နှင့်အတူ ရုတ်တရက် Jungkook နိုးလာသည်...

အအေးဓါတ်ရရုံဖွင့်ထားသော လေအေးပေးစက်မှ တချက်တချက် ထွက်ပေါ်လာသည့်လေတိုးသံမှလွဲ၍ အရာရာသည် တိတ်ဆိတ်ငြိမ်သက်...

သူ့ရင်ခွင်ထဲမှ ကျောပြောင်လေးနှင့် Seokjin သည်လည်း နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတာ...

Jungkook ကုတင်ဘေးစားပွဲလေးပေါ်မှ remoteကိုလှမ်းယူလိုက်ပြီး ပြတင်းပေါက်တစ်ပေါက်လောက်ကို အဝေး‌ထိန်းစနစ်ဖြင့် ဖွင့်လိုက်သည်...

အပြင်မှ လှိုင်းပုတ်သံသဲ့သဲ့နှင့် ဇင်ယော်ငှက်တချို့၏ မနက်ခင်းအော်သံက သာယာဖွယ်အတိ...

စောင်ကို Seokjin၏ပခုံးစွန်းလေး လုံသည်အထိဆွဲခြုံလိုက်၍ စောင်ပုံထဲမှကိုယ်လေးကိုပါ သူ့ဖက်ပိုဆွဲယူကာ ဖက်ထားလိုက်သည်...

ချောမွတ်နေသည့် Seokjin ၏ကျောပြင်လေးကို သူ့လက်ဖ၀ါးနှင့် အသာပွတ်သပ်နေလိုက်တော့ ဆတ်ခနဲတွန့်သွားကာ သူ့ရင်ဘတ်ဆီ ပိုကပ်လာသည်...

သူတချက်ရယ်လိုက်ပြီး Seokjin အား ပွတ်သပ်နေသည်ကို ရပ်လိုက်ကာ သူ့ရင်ခွင်ထဲ မျက်နှာအပ်ထားသည့် နဖူးပြင်၀င်း၀င်းလေးကို ငုံ့နမ်းလိုက်သည်...

"ရွှတ်"

အိပ်နေတာတောင် ခပ်သင်းသင်းပျံ့လွင့်နေဆဲ ချယ်ရီရနံ့ Pheromoneလေးက သူအနှစ်သက်ရဆုံး အနံ့အသက်လေးတစ်ခု....

သိပ်မကြာလိုက် Seokjin ၏ ခန္ဓာကိုယ်အိထွေးထွေးလေးကို တင်းတင်းဖက်ကာ သူပါပြန်အိပ်မောကျသွားသည်...

~~~~~~~~~~~××××××××××~~~~~~~~~~~

Seokjin နိုးလာတော့ နေ့ခင်းတောင်ဖြစ်နေပြီထင်ပါ့...

သူ့မျက်စိရှေ့မှ ရင်ဘတ်မို့မို့မောက်မောက်ကြီးကိုကြည့်ကာ သူမျက်တောင်များပုတ်ခတ်ပုတ်ခတ်လုပ်နေရင်း စဥ်းစားနေသည်...

အဲ့ဒီရင်ဘတ်ကြီးက သူနဲ့နီးတာမှ အတော်နီးနီး... သူနှုတ်ခမ်းထော်လိုက်ရင်တောင်  အရှေ့ကခပ်စူစူတစ်ခုကို သွားထိမည်ထင်ပါသည်...

ဂလုခနဲတံတွေးမျိုချရင်း ညကဘာဖြစ်ခဲ့တာလဲဆိုတာကို ပြန်စဥ်းစားနေသည်...

Jeon's Angelic OmegaWhere stories live. Discover now