Pt.33

1.4K 272 311
                                    

"Seokjin"

"ဟင်"

သုံးယောက်ထိုင်ဆိုဖာအရှည်ကြီးပေါ်တွင်  ထိုင်နေသောJungkookကို မှီကာ စတော်ဘယ်ရီသီးစားနေရင်း Seokjin ပြန်ထူးသည်...

TV ရှိရာဖက်ကို မျက်နှာမူထားကြသော်လည်း သူစိတ်မ၀င်စားသည့် စီးပွားရေး စတော့ရှယ်ယာများနှင့် ပတ်သက်သည့် channel ကို Jungkook က ကြည့်နေသည်မို့သူကတော့ Jungkook ၏ရင်ဘတ်ကြီးကို မှီကာ စတော်ဘယ်ရီသီးများကို တစ်လုံးပြီးတစ်လုံးစားရင်း လက်ထဲက tablet မှတဆင့်နောက်ရက်ရိုက်ရမည့် ရှူတင်အတွက် အချိန်ဇယားများ ပြန်ကြည့်နေလေသည်...

Seokjin ၏လည်ဂုတ်လေးဆီငုံ့ကာ ရနံ့ဂလင်းနား Jungkook ဖွဖွနမ်း‌ရင်း ချယ်ရီရနံ့ဖျော့ဖျော့ကို ရှူရှိုက်နေစဥ် တစုံတခုကိုသတိထားမိသွားပြန်သည်...

"မင်းရဲ့ Pheromone မှာ မက်မွန်နံ့ပါးသွားပြီ"

စလာပြီဆိုသည့်သဘောဖြင့် သူ့ကို Seokjin မျက်လုံးလေးလှန်ကာ ကြည့်လိုက်သည်... တဆက်တည်း ခေါင်းကိုပါခါယမ်းကာ...

"မင်းနှာခေါင်းကလေ တကယ် တခုခုတော့ တခုခုပဲ"

"ဟုတ်ပါတယ်ဆို.. ဟိုးနေ့ကထိ မင်းရဲ့ Pheromone မှာ မက်မွန်နံ့ ပို,ပိုပြင်းလာတာ... ခုကျတော့ ပါးသွားပြီ.. နေမကောင်းဖြစ်လိုက်လို့လားမသိဘူး"

"အိုက်ယား.... မငြင်း‌တော့ဘူး မောတယ်... အဲ့မှာ တစ်ယောက်တည်း ငါ့ Pheromone ကို သုတေသနလုပ်နေလိုက်တော့"

Seokjin စိတ်မရှည်သည့်ဟန်ဖြင့် စားပွဲပေါ်က စတော်ဘယ်ရီသီးပန်းကန်လေးကို ကောက်ကိုင်ကာ ထိုင်ရာမှထလိုက်သည်...

"ဘယ်လဲ.. ဘယ်လဲ"

သူ့ထံမှခွာပြီး မတ်တပ်ထရပ်လိုက်သည့် Seokjin ကို Jungkook မှီရာလှမ်းဆွဲတော့  ခါးမှ ဘောင်းဘီရှည်မျှော့ကြိုးကိုသာ ဆွဲမိသည်...

"ဟ.. ငါ့ကိုလွတ်"

ခါးကနေစုပြီး ချုပ်ခံထားရသလိုမို့ မတ်တပ်ကြီးကုန်းကုန်းကွကွဖြစ်နေသည့် Seokjin ကို ...

"စကားပြောနေတာ မပြီးသေးဘူးလေ.. ဒါဘယ်လဲ"

"ခြံထဲသွားနေတော့မယ်.. မင်းနားမှာနေရတာနားပူတယ်"

Jeon's Angelic OmegaWhere stories live. Discover now