Pt.32

1.3K 258 274
                                    

💬 ညနေကျရင် Ahjussi ဆီ သွားရအောင်

💬 Ok

နာရီ၀က်ခြားတစ်ခါ စာပို့တတ်သည့် Jungkook ထံမှ စာကိုဖတ်ရင်း  Seokjin သဘောကျစွာပြုံးလိုက်သည်...

Jungkookမှာ ချစ်စရာကောင်းသည့်အကျင့်လေး ကျန်နေသေးသည်က သူ၏ဖခင်ကိုလေးစားမှုရှိနေခြင်းပင်... အရင်ကတော့ နောက်ကွယ်ကနေ သူ့Appaကို Jungkook ဘယ်လိုဂရုစိုက်ပေးလဲမသိပေမဲ့ ခုကတော့ ငယ်ငယ်တုန်းက သူမြင်ဖူးသည့် Jungkook ပုံစံပင်...

သူတို့ ၏Kimအိမ်တော်ကို Jungkook ရောက်လာပြီးနောက် Seokjin ဖခင်၏ နွေးနွေးထွေးထွေး ဆက်ဆံပုံကြောင့် လူသိပ်မရှိန်တတ်သော Jungkook၏ ပုံစံလေးပင်...

ခုလဲ Mr Kim၏လက်ဖျားကိုကိုင်ကာ  နှိပ်နယ်သလိုလုပ်ပေးနေရင်း သူ့အကြောင်းကို တီးတိုးတိုင်နေသော Jungkook သည် Mr Jeon နှင့်ဆိုရင် ခက်ထန်နေသလောက် သူ့ဖခင်နှင့်ဆိုလျှင် သူ့ကိုဆက်ဆံသလိုပင် ဂရုတစိုက်ရှိလှသည်...

"ငါ့အတင်းပြောမနေနဲ့ Jeon Jungkook"

Jungkook အနား,နားကပ်ပြီး ပြောလိုက်တော့ သူ့ကို ဆတ်ခနဲလှည့်ကြည့်လာကာ...

"ပြောမှာပဲ... ငါ့မှာ မင်းအကြောင်းတိုင်လို့ရတာ Ahjussiပဲရှိတယ်... အိမ်မှာလဲ မင်းကဗိုလ်မို့လို့"

"မဗိုလ်ရပါဘူးနော်... Alpha ကြီးပဲ ဗိုလ်ပါ"

"မဟုတ်တာ"

သူနှင့်လုပြီး အပြိုင်ငြင်းနေသည့် Alphaကြီးကို Appaနှင့်ခဏထားခဲ့ကာ Seokjin အခန်းပြင်ထွက်ပြီး သူ့ Appa ၏အခြေအနေကိုမေးရန် ဆရာ၀န်ကြီး၏ရုံးခန်းဖက်သို့ လျှောက်လာနေသည်..

"Seokjinnie?"

ခေါ်သံကြားရာသို့ ကြည့်လိုက်တော့ သူရှိရာဖက်ကို တုတ်ကောက်ဖြင့် ထိန်းလျှောက်ကာလျှောက်လာနေသော Kimအိမ်တော်မှ သူ၏ဦးလေးတစ်ယောက်... အနောက်မှာလည်း တပည့်တပန်းတချို့နှင့်....

သိပ်မကြာခင်က ဦးလေးအလတ်ဆုံးသွားပြီမို့ စိတ်ထောင်းကိုယ်ကြေတော့ ဖြစ်နေဟန်ပင်...

Seokjinအတွက်ကတော့ လုံလောက်တဲ့ စိတ်ဒဏ်ရာများရှိနေသည်မို့ သူ့ဦးလေးဆိုသူကိုဟက်ဟက်ပက်ပက်ပင် မနှုတ်ဆက်ချင်...

Jeon's Angelic OmegaWhere stories live. Discover now