Pt.31

1.6K 256 407
                                    

💬 ဘာလုပ်နေလဲ

ဖုန်းထဲ၀င်လာသည့် Jungkook ဆီမှစာကြောင့်...

💬 Studio ထဲမှာပဲလေ၊ ဓါတ်ပုံတချို့ရိုက်ပြီးလို့ ခဏနားနေတယ်... ဘာလို့လဲ ..

💬 ဒီတိုင်းပဲ သတိရလို့

Seokjin ဟက်ခနဲ ရယ်လိုက်မိသည်၊  Jungkook က တခါတလေအတော်ကဲသည်....

💬 အဲ့ဒီတော့ ဘာလုပ်ပေးရမှာလဲ

အတိတ်မှရုန်းထွက်ရန် ကြိုးစားနေသည့် Jungkook နှင့်အတူ သူကိုယ်တိုင်လည်း ပြောင်းလဲဖို့လိုသည်မို့ အလိုက်သင့် ပြန်ပြောဖြစ်သည်...

💬 ကားပါကင်ကိုလာခဲ့ပါလား

💬 ဟမ်... ဒီကိုရောက်နေတာလား

💬 အင်း

Seokjin သူ့မန်နေဂျာကို အမြန်ခေါ်ကာ နာရီ၀က် break ယူမည်ဖြစ်ကြောင်းပြောပြီး  Jungkook ခန့်ထားသည့် သက်တော်စောင့်များနှင့်အတူ ကုမ္မဏီ၏ကားပါကင်ရှိရာသို့  ခပ်သွက်သွက် ဆင်းသွားလေသည်...

သြော်.. Jungkook က Seokjin သူ့မိတ်ဖြစ်လာပြီးတဲ့နောက်မှ Seokjin နားမှာ သက်တော်စောင့်များခန့်ထားပေးသည်... သူနဲ့ တချိန်လုံးရှိမနေတော့ စိတ်မချလို့တဲ့... Seokjinကို အလုပ်မလုပ်ဖို့လဲ တားမှမတားရက်တာကိုး...

ခပ်လှမ်းလှမ်းမှ လျှောက်လာနေသော Seokjin ကို ကားထဲမှ Jungkook လှမ်းကြည့်နေသည်...

အရိပ်ကလေးမြင်ရရင်တောင် အမောပြေရတာမို့ သူ တကူးတကလာတွေ့ရတာ အများကြီးတန်ပါသည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အရိပ်ကလေးမြင်ရရင်တောင် အမောပြေရတာမို့ သူ တကူးတကလာတွေ့ရတာ အများကြီးတန်ပါသည်...

ကားနောက်ခန်းမှန်ကို Seokjin ခေါက်လိုက်တော့ ပွင့်သွားသည့် ကားတံခါးနှင့်အတူ သူ့ကိုယ်လေးကစွေ့ခနဲ...

"အာ့.. Jungkook"

Seokjin မှာ အရုပ်ကလေးလိုပင် Jungkook ပေါင်ပေါ်ရောက်သွားပြီး Jungkook က သူ့ကိုတင်းတင်းဖက်ကာ လည်တိုင်ကို တရှုံ့ရှုံ့နမ်းနေတာ...

Jeon's Angelic OmegaWhere stories live. Discover now