(၅) ❗️

1.9K 107 0
                                    

U••

[ရှင်ဘုရင်၏နဂါးလက်နက်]

အတန်ကြာဆော့ကစားပြီးနောက် ရှင်းချန်၏ကိုယ်လုံးလေးအား ဘုရင့်အိပ်ဆောင်တော်သို့ပွေ့ချီလာခြင်းခံခဲ့ရသည်။ ၄င်း၏အစေခံများက ရှင်းချန်အတွက်ဝတ်ရုံများသယ်ဆောင်လာပေးကြသော်လည်း လမ်းတစ်ဝက်မှာတင် အစောင့်များ၏တားဆီးခြင်းကိုခံလိုက်ရ၏။

ကြင်ယာတော်နှင့်ရှင်ဘုရင်ကအိပ်ဆောင်ဝင်သွားပြီဖြစ်သဖြင့် အဝတ်စားမလိုတော့ကြောင်း ပြောကာ ပို့ဆောင်လာသည့်ဝတ်ရုံများကိုလည်း မနက်ကျမှပေးဖို့လန်ဟွားကပဲသိမ်းဆည်းထားလိုက်လေသည်။

ထို့ကြောင့်လည်း ရှင်းချန်၏အစေခံများက တီးတိုးတီးတိုးဖြင့် မှတ်ချက်ပြုလာကြ၏။

ညနေကပဲရေချိုးဆောင်ထဲမှာ အကြာကြီးဆော့ပြီးကြပြီလေ အခုအဝတ်စားတောင်မလိုတော့ဘူးလား?
ရှင်ဘုရင်က ကဲကိုကဲလွန်းပါတယ်လေ...။

ဘုရင့်အိပ်ဆောင်အတွင်း၌ °°

"အဝတ်စားတွေလာမပို့သေးဘူးလား ကျုပ်အအေးပတ်တော့မယ်"

ရှင်းချန်၏နှာတံလုံးလုံးလေးက ရဲတွတ်နေပြီး စောင်ပုံကြားမှ ခေါင်းတိုးထွက်ကာ အမေးရှိလာသည်။ ဖတ်နေသောနောက်ဆုံးစာလိပ်ကိုချလိုက်သည့်ရှင်ဘုရင်ကလည်း အိပ်ယာပေါ်သို့ဘေးတစောင်းထိုင်ကာ ၄င်း၏နဖူးလေးကိုစမ်းကြည့်လိုက်၏။

"သမားတော်ကြီးကိုခေါ်ပေးရမလား"

ရှင်းချန်က မျက်နှာကိုရှုံ့မဲ့ကာ ခေါင်းခါသည်။

"သမားတော်ကြီးနဲ့ရန်ဖြစ်ထားတယ်"

ပိုင်လီထျန်းသဘောကျစွာရယ်လိုက်ပြီး အမေးရှိလာ၏။

"မင်းဘက်ကပဲ ရန်ဖြစ်တာမဟုတ်ဘူးလား"

ရှင်းချန်က ဆက်မဖြေတော့ပဲ သူ့ခေါင်းလေးကို စောင်ပုံထဲတိုးဝင်သွားသည်မှာ ကျားပေါက်လေးတစ်ကောင် သူ၏ဂူထဲဝင်ပုန်းနေသည့်အလားပင်။ ထိုကဲ့သို့သော အခိုက်တန့်လေးများက ရှင်းချန်ကဲ့သို့လူမျိုးတွင် ရှိနေသည်အားတွေးရင်း ပိုင်လီထျန်းမပြုံးပဲမနေနိုင်။

[COMPLETED]ကျုန်းလိဘုရင်က ဒီနေ့လဲသူ့ဇနီးတွေကိုအလိုလိုက်နေပြန်ပြီWhere stories live. Discover now