(၃၃)

728 69 1
                                    


[မူလဇာတ်ကြောင်းမှ သွေဖယ်၍...]

ထိုအပြုအမူများနှင့်ပိုင်လီထျန်းနေသားကျနေပြီဖြစ်တာကြောင့် အံ့သြခြင်းမရှိတော့ပေ။ သူ မပြောဖူးသည်တော့မဟုတ်။ ထိုကဲ့သို့ ရုတ်တရပ်လာလာဆွဲမည့်အစား ကောင်းကောင်းမွန်မွန်ပြော၍ခေါ်သင့်ကြောင့် ဆရာဟန်ဇီအားပိုင်လီထျန်းအကြိမ်ကြိမ်ပြောခဲ့ဖူးသည်။ သို့သော်လည်း အရာထင်ခြင်းမရှိခဲ့။ သူ့ဆရာဖြစ်သူမှာ လူကိုဆွဲခေါ်ရသည့်အကျင့်ဆိုးအား အင်မတန်သဘောကျပုံပေါ်၏။ အလွန် ကပေါက်တိကပေါက်ချာနိုင်လှပေသည်။

ထို့နောက် သူမြင်နေကြ စိမ်းစိုစိုပတ်ဝန်းကျင်သို့ ပိုင်လီထျန်းထပ်မံရောက်လာခဲ့ပြီး ဆရာဟန်ဇီက အသင့်ရှိနေ၏။

"ရှစ်ဖူ..."

ပိုင်လီထျန်း၏နှုတ်ဆက်မှုအား ဆရာဟန်ဇီက ပြုံးရုံသာပြုံးပြ၍ နှစ်ဦးသားစတင်ဆွေးနွေး၏။ အဖြူရောင်ကျောက်သားခုံကြီးတွင်ထိုင်ရသည်အား ပိုင်လီထျန်းနေသားကျနေပြီဖြစ်သဖြင့် ၎င်းကပို၍သက်တောင့်သက်သာဖြစ်စေပေသည်။

"နိမိတ်လက္ခာကို ရှစ်ဖူဘယ်လိုမြင်လဲ"

ထိုအမေးအား ဆရာဟန်ဇီကခေါင်းတညိတ်ညိတ်လုပ်၏။

"မြွေပြောင်းလဲမှသာ ဖားလည်းပြောင်းလဲမယ်၊
မိုးမရွာခင် မြက်ခင်းစိုမှာမဟုတ်ဘူး၊ တိမ်စိုင်အပေါ်လိုက်ပြီး ပျိုးချမှသင့်ပေမယ်"

ဆရာဟန်ဇီ ထိုစကားလုံးများအား ပိုင်လီထျန်းနေသားကျနေခဲ့ပြီမို့ အနက်အဓိပ္ပါယ်ကို ၎င်းဘာသာ ပြန်ရှင်းပြမည့်အချိန်ထိသာစောင့်နေလိုက်သည်။ မဟုတ်ပါက ရှည်လျားရစ်ခွေ ပေါက်ကရဆန်လှသည့် ဤကဗျာများအား ထပ်ထွင်နေဦးမည်ကို ပိုင်လီထျန်းစိတ်မရှည်ချင်ပေ။ ဆရာဟန်ဇီကဆို၏။

"ငါပြောခဲ့သလိုပဲကောင်းသလားဆိုးသလားက မင်းအပေါ်ပဲမူတည်တယ် ဒီပုံစံအတိုင်းဆိုရင်တော့ အကောင်းလက္ခဏာကိုပြတာပဲ အဲ့တော့မင်းလည်းပြင်ဆင်ထားသင့်ပြီ ဝူရှီးပြည်မှာအဖြေရှာဖို့လိုတယ်"

ဝူရှီးပြည်တွင် နတ်ဆိုး၊ မိစ္ဆာနှင့် ကဝေဟူ၍ အဓိကအားဖြင့်သုံးမျိူးခွဲခြားနိုင်ပြီး ၎င်းတို့၏မျိူးရိုးအလိုက်အဆင့်နှင့်စွမ်းအင် အနိမ့်အမြင့်ကွာခြားပေသည်။ အုပ်ချုပ်သူဘုရင်မင်းမြတ်မှာ နတ်ဆိုးတစ်ပါးဖြစ်၍ ကျောက်စိမ်းသခင်ဟုလူအများကသိကြသည်။ ဝူရှီးပြည်တွင် လူသတ်ခြင်းနှင့်ပက်သက်၍စည်းကမ်းချက်မရှိ။ အင်အားကြီးသည့်သူက အင်အားနည်းသူကို သတ်ပိုင်ခွင့်အပြည့်အဝရှိ၏။

[COMPLETED]ကျုန်းလိဘုရင်က ဒီနေ့လဲသူ့ဇနီးတွေကိုအလိုလိုက်နေပြန်ပြီWhere stories live. Discover now