(၃၉)

782 77 0
                                    


[ရှင်ဘုရင်၏ခရီးစဉ်]

ခရီးရှည်ကြာထွက်ရမည်ဖြစ်သဖြင့် အဆင်သင့်ပြင်ထားသော မြင်းရှေ့တွင် ပိုင်လီထျန်းရပ်နေပေသည်။ ပေါ့ပေါ့ပါပါးဖြစ်စေရန်ဝတ်ဆင်ထားသည့် အနက်ရောင်ချည်သားဝတ်စုံက ပိုင်လီထျန်း၏ခန့်ညားမှုအား ပို၍ပင်ပေါ်လွင်စေ၏။ ကျယ်ပြန့်သောပခုံးနှင့် တောင့်တင်းသောခန္ဓာကိုယ်ကြောင့် အင်မတန်ကြည့်ရကောင်းလှပြီး ခန့်ညားသောယောက်ျားတစ်ယောက်၏အသွင်အပြင်ကိုဆောင်လျက်။

ပိုင်လီထျန်း၏ခရီးစဉ်ကိုလျှို့ဝှက်ထားသည်မို့ ယွီကျင်းဖန်နှင့်အတူ အခြားလက်ရွေးစင်ကိုယ်ရံတော် ၅ယောက်သာပါရှိပေသည်။ သို့သော်ငြား တစ်ယောက်ကတော့ ကိုယ်ရံတော်ဖြစ်ဟန်မတူပဲ တစ်ကိုယ်လုံးအစအဆုံး ပိတ်စအနက်ဖြင့်လုံအောင်ခြုံထားပြီး မျက်နှာကိုလဲအုပ်ထား၏။ ထိုသူကယွီကျင်းဖန်နှင့်အတူပါလာ၍ ရောက်လာကတည်းကတစ်ခွန်းမှမပြောပဲ မြင်းပေါ်မှာသာငြိမ်ငြိမ်ထိုင်နေလေသည်။

ကိုယ်ရံတော် ၄ ယောက်ဟုဆိုသော်ငြား ၄င်းတို့ကအထင်သေး၍ရသူများတော့မဟုတ်။ ကျုန်းလိပြည်ထောင်၏ ဘုရင့်ကိုယ်ရံတော် တပ်ဖွဲ့ဝင်များသည် သာမာန်ပြည်ထောင်တစ်ခု၏စစ်သည်အင်အား ၅၀၀ နှင့်ညီမျှသည်ဟုဆိုစမှတ်ရှိ၏။ ထို့ကြောင့် စစ်သည်အင်အား ၂၅၀၀ နှင့်ခရီးသွားရသကဲ့သို့ ပိုင်လီထျန်းလုံခြုံစိတ်ချမှုရှိပေသည်။

သူ့ခရီးကိုသိသည့်လူနည်းသည်မို့ လိုက်ပါပို့ဆောင်သူကလည်း ပိုင်ယွီ၊ ရှောင်ဖုန်းနှင့် အတိုင်ပင်ခံအမတ်ကြီးတို့သာရှိသည်။ အတိုင်ပင်ခံအမတ်ကြီးက ကျုန်းလိပြည်ထောင်စုအပေါ် လူတိုင်းထက်သစ္စာပိုရှိသူမို့ ၄င်းကိုအလုံးစုံပုံအပ်ထားလို့ရမှန်း ပိုင်လီထျန်းတထစ်ချယုံကြည်ပေသည်။

ကျုန်းလိပြည်ထောင်စု မပျက်ဆီးခင်နောက်ဆုံးအချိန်ထိ နန်းတွင်းထဲကျန်ရစ်ခဲ့သည့်အမတ်များထဲ၌ အတိုင်ပင်ခံအမတ်ကြီးကထိပ်ဆုံးအပါအဝင်ပင်။ စစ်သုံ့ပန်းအဖြစ်နေစဉ်ကာလအတွင်း ရှယ်ဟန့်ပြည်ကိုသစ္စာခံ၍ တာဝန်ထမ်းဆောင်ဖို့ငြင်းဆန်ခဲ့သည်မို့ လမ်း၌ပင်အလူးအလဲနှိပ်စက်ခံရကာသေဆုံးခဲ့သောအဘိုးအိုကြီးက အတိုင်ပင်ခံအမတ်ကြီးဖြစ်၏။

[COMPLETED]ကျုန်းလိဘုရင်က ဒီနေ့လဲသူ့ဇနီးတွေကိုအလိုလိုက်နေပြန်ပြီWhere stories live. Discover now